DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း သောက်သုံးရေရှားပါးမှု စတင်ကြုံတွေ့လာရ
DVB
·
February 13, 2016
မကွေးတိုင်းအတွင်း သောက်သုံးရေရှားပါးမှု စတင်ကြုံတွေ့လာရ
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်း နေ့အပူချိန်မြင့်တက်လာမှုနဲ့အတူ  ကျေးရွာတော်တော်များများမှာ ရေရှားပါးလာမှုနဲ့ စတင်ကြုံတွေ့နေရပြီလို့ မကွေးမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ပြောပါတယ်။

မကွေးမြို့နယ် သစ်ရာကောက်တိုက်နယ်၊ မိချောင်းရဲ တိုက်နယ်၊ ညောင်ကန်တိုက်နယ်နဲ့ မြေကွမ်းတိုက်နယ်တွေက ကျေးရွာပေါင်း ၁၀၀ ကျော်လောက် ဇန်န၀ါရီလလယ်ပိုင်းကနေစပြီး ရေရှားပါးလာတာလို့ ပြောပါတယ်။

“ကျနော်တို့ အညာဒေသဆိုတော့ ရေတွေကတော့ များသောအားဖြင့်က ဒုက္ခတွေ ရောက်တယ် ပေါ့နော်။ တပို့တွဲ၊ တပေါင်းဆိုရင် တော်တော်ဒုက္ခရောက်ပါတယ်။ ကျနော်တို့ရဲ့ ၃ ပုံပုံ ၂ ပုံလောက် ဒုက္ခရောက်ပါတယ်။ အဲဒါတွေကို ကျနော်တို့လည်း စာရင်းတွေ ပြုစုထားပါတယ်။ ကူညီပေးနိုင်တဲ့ အန်ဂျီအိုတွေရော၊ အိုင်အန်ဂျီအိုတွေရော ကျနော်တို့ ဆက်သွယ်ထားပါတယ်။ ကျနော်တို့ ပါတီကိုလည်း တင်ပြထားပါတယ်။”

လက်ရှိမှာတော့ စမ်းရေတွင်းတွေကို ပြုပြင်ပြီး သုံးနေရတယ်လို့လည်း ဦးကျော်ဌေးက ပြောပါတယ်။

အလားတူ ချောက်၊ တောင်တွင်းကြီး မြို့နယ်တွေမှာလည်း ရေခန်းစပြုလာပြီဖြစ်လို့ ရေရှားပါးမှုတချို့ ရင်ဆိုင်နေရပြီလို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း ရေစမြို့နယ်မှာလည်း မြစ်နဲ့ဝေးတဲ့ ရွာတွေမှာဆိုရင် ရေခန်းစပြုလာပြီလို့လည်း ရေစကြိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်သောင်းက ပြောပါတယ်။

“ရေးကြီးတဲ့အခြေအနေတော့ မရောက်သေးဘူး။ ဒါပေမယ့် နည်းနည်းတော့ ခန်းစပြုလာပြီ။ အထူးသဖြင့် မြစ်နဲ့ဝေးတဲ့ ရှင်မတောင်ဒေသမှာ မကြာခင် ရေအခက်အခဲတွေ့ရနိုင်တယ်။ ကျနော်တို့က အခုလောလောဆယ်တော ရှိတဲ့ရေကို မကုန်ခန်းအောင် ရေလောင်တဲ့ ကန်တို့ ကိရိယာတို့ကို စုစောင်းထားဖို့ ကျနော်တို့က ဒီတကယ်အခက်အခဲဖြစ်လာလို့ရှိရင် ရေလိုအပ်တဲ့နေရာကို လိုက်ဖြန့်ဖို့တော့ အစီစဉ်လုပ်ထားပါတယ်။”

ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် ဖြစ်ပေါ်လာမယ့် ရေရှားပါးမှု ပြဿနာအတွက် ကူညီပေးနိုင်အောင် ပြင်ဆင်ထားကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက  မြို့နယ်အသီးသီးရှိ ပါတီဝင်တွေ အားလုံးကို ဇန်န၀ါရီလ ၁၃ ရက်နေကတည်းက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ မုတ်သုံမိုး ၀င်တာနောက်ကျပြီး ထွက်ခွာတာ စောတဲ့အတွက် မိုးရွာသွန်းမှု နည်းပါး ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ်တဲ့ အခြေအနေ ကြုံတွေ့ လာနိုင်လို့ ကူညီပေးနိုင်အောင် ကြိုတင်ပြင်ဆင် ဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလပိုင်းကလည်း ရှမ်းပြည်နယ် ဟဲဟိုးမြို့နယ်ထဲက ကျေးရွာတခုမှာ ရေပြတ်လတ်မှုကြုံတွေ့ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013