DVB Logo
Home
မြန်မာသတင်း
ပဲကြီးလှော်အပါအ၀င် အမှတ်တံဆိပ် ၁၉ မျိုး စားသုံးရန်မသင့်ဟု ကြေညာ
DVB
·
February 13, 2016
ပဲကြီးလှော်အပါအ၀င် အမှတ်တံဆိပ် ၁၉ မျိုး စားသုံးရန်မသင့်ဟု ကြေညာ
1 / 2
Donate to DVB

ပဲကြီးလှော်၊ အရောင်တင်မှုန့်၊ ငရုတ်ဆီ၊ ရှာလကာရည် စတဲ့ စားသောက်ကုန် အမှတ်တံဆိပ် ၁၉ မျိုးမှာ ဆိုးဆေးတွေ သုံးထားတာကြောင့် စားသုံးဖို့ မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန် အသိပေးလိုက်ပါတယ်။

စိန်တောင်၊ ၀င်း၊ ဌေးဌေး၊ မို့မို့၊ ရွှေနန်းတော်၊ မုံရွာသား စတဲ့ အမှတ်တံဆိပ်ပါ ပဲကြီးလှော်ထုပ်တွေမှာ ခွင့်မပြု ဆိုးဆေးတွေ သုံးထားလို့ စားသုံးရန်မသင့်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

12743657_832491533545381_9010946102673343334_nဒါ့အပြင် Bull အချိုရည်၊ ၀ိုင်းချစ် ငရုတ်ဆီ၊ ကျော်ကျော်၊ ဓူဝံတံဆိပ်ပါ ငရုတ်ပွအရောင်တင်မှုန့်၊ ရှမ်းလေး ဂျုံခေါက်ဆွဲ၊ ဆတ်မင်း ငရုတ်ဆီ စတဲ့ စာေးသာက်ကုန်တွေမှာ ခွင့်မပြုဆိုးဆေးတွေ သုံးထားတာကြောင့် စားသုံးဖို့ မသင့်ဘူးလို့ ကျန်းမာရေးဌာနက သတိပေးလိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီဌာနက စားသုံးဖို့ မသင့်တဲ့ စားသောက်ကုန်တွေကို သတိပေးကြေညာခဲ့တာ ရာနဲ့ချီ ရှိနေပြီဖြစ်ပြီး စားသုံးဖို့ မသင့်တဲ့ အစားအသောက်တွေ ထုတ်လုပ်သူတွေကိုတော့ အခုထိ ထိထိရောက်ရောက် အပြစ်ပေးအရေးယူတာ မတွေ့ရပါဘူး။

စားသုံးဖို့ မသင့်ကြောင်း ကြေညာသတိပေးခဲ့တဲ့ အစားအသောက်တွေနဲ့ အမှတ်တံဆိပ်တွေကို မကြာခင် စာအုပ်အဖြစ် ထုတ်လုပ်ဖြန့်ဖြူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013