DVB Logo
Home
မြန်မာသတင်း
ချစ်သူနှစ်ဦးကို ရေတွင်းထဲ သေဆုံးလျက် တွေ့ရှိ
DVB
·
February 12, 2016
ချစ်သူနှစ်ဦးကို ရေတွင်းထဲ သေဆုံးလျက် တွေ့ရှိ
1 / 4
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ရေသန့်စက်ရုံတခုမှာ အလုပ်လုပ်တဲ့ အတူနေချစ်သူနှစ်ဦး ဖေဖော်ဝါရီ ၁၁ ရက်နေ့ညက ပျောက်ဆုံးသွားပြီး ဒီနေ့မနက်မှာ စက်ရုံအနားက ရေတွင်းတခုထဲ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။

မော်လမြိုင်မြို့ ဈေးကြိုဆန်တန်း ခြံကြီးစုရပ်ရှိ King Myanmar သောက်ရေသန့် စက်ရုံမှာ အလုပ်လာလုပ်နေကြတဲ့ ကိုရန်မျိုးအောင် နဲ့ မယဉ်ယဉ်ခိုင်တို့နှစ်ဦးဟာ  ဖေဖော်ဝါရီ ၁၁ ည ၈ နာရီလောက်ကတည်းက ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးကို စက်ရုံတာဝန်ရှိသူတွေက လိုက်လံရှာဖွေခဲ့ရာမှာ စက်ရုံရှေ့ဘက်ခြမ်း ခြံတခုထဲရှိ ရေတွင်းထဲမှာ သေဆုံးနေတာ တွေ့ရှိခဲ့ရတယ်လို့ မော်လမြိုင်သတင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“မြင်တဲ့ အလောင်းပုံစံကတော့ နှစ်ယောက်စလုံး လက်နှစ်ဘက်စလုံး ဆန့်တန်းထားတဲ့ ပုံစံမျိုးတွေ့ရတယ်၊ ဒဏ်ရာတွေဘာတွေတော့ မရှိပါဘူး၊ ရေနစ်သေဆုံးတဲ့ လက္ခဏာပဲ တွေ့တယ်၊ ကျန်တဲ့အပိုင်းတွေကို မုပွန်ရဲစခန်းက ဆက်လက် စစ်ဆေးနေပါတယ်။”

သေဆုံးသူနှစ်ဦးစလုံးဟာ ပဲခူးတိုင်း၊ မြစ်ကျိုးဒေသဘက်ကနေ မော်လမြိုင်မှာ လာ အလုပ်လုပ်နေကြသူတွေဖြစ်ပြီး အသက် ၃၀ကျော် အရွယ်တွေဖြစ်တယ်လို့လည်း ပြောပါတယ်။

သေဆုံးသူနှစ်ဦးရဲ့ အလောင်းတွေကို သယ်ယူပို့ဆောင်ပေးခဲ့တဲ့ မော်လမြိုင် လူမှုကယ်ဆယ်ရေး rescue အသင်းက ကိုအောင်ချိုဦးက အလောင်းတွေ ဆယ်ယူခဲ့ပုံကို ခုလို ပြောပါတယ်။

“အဲ့ဒီဘက်ကို သွားနေကျလို့ ပြောတယ်။ ညက ရှာမတွေ့လို့ မနက်လိုက်ရှာတော့ ရေတွင်းဘေးမှာ အမျိုးသမီးဖိနပ်ရယ်၊ အမျိုးသားဖိနပ်ရယ် နှစ်ရံ တွေ့တယ်၊နောက် ပိုက်ဆံထည့်ထားတဲ့ အိတ်လည်း တွေ့တယ်၊ ဒါဆိုရင်တော့ နှစ်ယောက်စလုံး ရေတွင်းထဲ ရှိနိုင်တယ်ဆိုပြီး ၀ိုင်းဆယ်ကြတာပေါ့၊ အမျိုးသမီးအလောင်းကို အရင် တွေ့တယ်၊ အမျိုးသားအလောင်းကိုတော့ နောက်မှ တွေ့တယ်။”

လတ်တလော သူတို့နှစ်ဦး သေဆုံးမှုနဲ့ ပတ်သက်လို့ မုပွန်ရဲစခန်းက သေမှုသေခင်းဖွင့်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013