DVB Logo
Home
မြန်မာသတင်း
Woodside Energy ရခိုင်ကမ်းလွန်တွင် ဓာတ်ငွေ့ထပ်မံတွေ့ရှိ
DVB
·
February 12, 2016
Woodside Energy ရခိုင်ကမ်းလွန်တွင် ဓာတ်ငွေ့ထပ်မံတွေ့ရှိ
Donate to DVB

သြစတြေးလျ ရေနံရှာဖွေရေးကုမ္ပဏီ​ ​Woodside Energy  က ရခိုင်ကမ်းလွန်မှာ ဒီနှစ်အတွင်း ဒုတိယမြောက် သဘာဝဓာတ်ငွေ့တွင်း ထပ်တွေ့တယ်လို့ ဒီနေ့ ကြေညာ ပါတယ်။

မြန်မာ့ကမ်းရိုးတန်းမြောက်ဘက် ဘင်္ဂလားပင်လယ်အော်အတွင်း လုပ်ကွက်အမှတ် အေဒီ (၇) ရဲ့ သာလင်အမှတ် ၁ (က) တွင်းမှာ တွေ့ရှိတာဖြစ်ပါတယ်။ သာလင်အမှတ် ၁ (က) ဟာ ဒေ၀ူးကုမ္ပဏီက ဆောင်ရွက်နေတဲ့ ရွှေသဘာဝဓာတ်ငွေ့တွင်းနဲ့ ကီလို ၆၀ လောက်အကွာမှာ ရှိပါတယ်။

ဒီတွေ့ရှိချက်ဟာ Woodside ကုမ္ပဏီအဖို့ ဒီနှစ်ဇန်န၀ါရီ ၄ ရက်နေ့က ကြေညာခဲ့တဲ့ ရခိုင်ပြည်နယ် ရွှေရည်ထွန်းအမှတ် (၁) တွင်းက တွေ့ရှိမှုအပြီး ထပ်မံတွေ့ရှိတာဖြစ်ပါတယ်။

ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ပီတာကိုးလ်မန်က ဆန့်ကျင်ဘက် အရပ်တွေက ဒီတွေ့ရှိမှု ၂ ခုဟာ ကုမ္ပဏီအတွက် ကောင်းမွန်တဲ့ရလဒ်ဖြစ်တယ်လို့ ပြောဆိုပါတယ်။

"ဒီရလဒ်တွေဟာ ကျနော်တိုအဖို့ မြန်မာပြည်မှာ နောင်အနာဂတ်ရှာဖွေ အကဲဖြတ်မှုတွေ အတွက် တကယ့်ကို အားတက်စေတယ်” လို့ သူက ပြောပါတယ်။

Woodside ​ကုမ္ပဏီဟာ ​ရခိုင်ကမ်းလွန်ဒေသမှာ ​ရှာဖွေတူးဖော်ရေး လုပ်ဖို့ ​အကွက်ပေါင်း ​၆ ​ခု ​ရရှိထားပြီး ​အကျယ်အဝန်းအားဖြင့် ​စတုရန်း ​ကီလိုမီတာ ​၄၇၀၀၀ ​ရှိပါတယ်။

ရွှေရည်ထွန်း ​အမှတ် ​(၁) ​တွင်းကို ​Woodside ​ကုမ္ပဏီက ​၄၀ ရာခိုင်နှုန်း၊ ​ပြင်သစ် ​Total ​ကုမ္ပဏီက ​၄၀ ရာခိုင်နှုန်းနဲ့ ​မြန်မာနိုင်ငံက ​MPRL ​ကုမ္ပဏီက ​၂၀ ရာခိုင်နှုန်း ​ပိုင်ဆိုင်ကြပါတယ်။ သာလင် ​အမှတ် ​၁ ​(က) ​တွင်းမှာတော့ ​Woodside ​ကုမ္ပဏီက ​၄၀ ရာခိုင်နှုန်း၊ ​Daewoo ​ကုမ္ပဏီက ​၆၀ ရာခိုင်နှုန်း ​ပိုင်ဆိုင်တယ်လို့ ကုမ္ပဏီကြေညာချက်အရ သိရပါတယ်။

Woodside ​ကုမ္ပဏီဟာ ​ရခိုင်ကမ်းလွန်ဒေသမှာ ​ရှာဖွေတူးဖော်ရေး​လုပ်ဖို့ ​အကွက်ပေါင်း ​၆ ​ခု ​ရရှိထားပါတယ်။ လုပ်ကွက်ဟာ အကျယ်အဝန်းအားဖြင့် ​စတုရန်း ​ကီလိုမီတာ ​၄၇၀၀၀ ​ရှိပြီး ဒီပမာဏဟာ Woodside ​ကုမ္ပဏီရဲ့ ​ကမ္ဘာတခွင် ​ရှာဖွေတူးဖော်မှုရဲ့ ​၂၀ ရာခိုင်နှုန်း ​ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013