DVB Logo
Home
Lead Story
ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲများ ကံမမြို့တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
February 12, 2016
ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲများ ကံမမြို့တွင် ကျင်းပ (ဓာတ်ပုံ)
1 / 6
Donate to DVB

မကွေးတိုင်း ကံမမြို့မှာ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ တိုင်းရင်းသားရိုးရာ အကအလှပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မကွေးတိုင်း သရက်ခရိုင် ကံမမြို့ မြို့နယ်ခန်းမမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်ပြီး ကံမမြို့နယ်ထဲက ကျေးရွာပေါင်း ၁၅၄ ရွာက ဒေသခံတွေပါဝင်တဲ့ တိုင်းရင်းသားရိုးရာအကပြိုင်ပွဲကို ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တာပါ။

အဲဒီ အခမ်းအနားမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအလံအား အလေးပြုခြင်းများ ပြုလုပ်ခဲ့ပြီး ကံမမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးအောင်ဟန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သရက်ခရိုင် အတွင်းရေးမှူး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းတို့က ပြည်ထောင်စုစိတ်ဓာတ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မြို့နယ်ဥက္ကဋ္ဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က ဖက်ဒရယ် ပြည်ထောင်စု စတဲ့ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြောင်းတွေ ဟောပြောခဲ့ပါတယ်။ တိုင်းရင်းသားရိုးရာအကအလှတွေနဲ့ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ဆုရရှိသူတွေနဲ့ ၂၀၁၅ ခုနှစ် ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် စာစီစာကုံးပြိုင်ပွဲမှာ ဗဟိုအဆင့်တွင် ဒုတိယအဆင့် ဆုရရှိခဲ့သူ မဇင်သူဖြိုး တို့ကို ဆုပေးပွဲ ကျင်းပခဲ့ကြပါတယ်။

၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကို ကံမမြို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အပါအ၀င် ဒေသခံအင်အား ၇၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013