DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် လမ်းစရိတ် အလှူခံထွက်သည့် အင်္ဂလန်နိုင်ငံသူ
DVB
·
February 12, 2016
မန္တလေးတွင် လမ်းစရိတ် အလှူခံထွက်သည့် အင်္ဂလန်နိုင်ငံသူ
Donate to DVB

မန္တလေးမြို့မှာ လမ်းစရိတ်အလှူခံထွက်နေတဲ့ အင်္ဂလန်နိုင်ငံသူတဦးကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့က ကူညီပေးခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက ၂၉×၃၀ လမ်းကြား၊ ၈၆ လမ်းပေါ်မှာ နိုင်ငံခြားသူတဦးက မြန်မာဘာသာနဲ့ ''အိန္ဒိယသွားရန် အကူအညီလိုအပ်နေပါသည်"၊ အင်္ဂလိပ်ဘာသာဖြင့် "Can you help get to India Thank you" လို့ ရေးသားထားတဲ့ ကတ်ထူပြား ကိုင်ဆောင်ပြီး အလှူခံထွက်နေတာတွေ့လို့ ရဲတပ်ဖွဲ့က သူ့ကို ရှာဖွေ ကူညီပေးခဲ့တာဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

အသက် ၃၂ နှစ်ရှိတဲ့ အင်္ဂလန်နိုင်ငံသူ Ms. Adele Hannah Groomကို အဲ့ဒီနေ့ညမှာပဲ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိပြီး ရန်ကုန်မှာရှိတဲ့ အင်္ဂလန်သံရုံးကို ပို့ဆောင်ပေးခဲ့ပါတယ်။

မန္တလေးဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးရဲမြတ်ထွန်းကတော့ ဒီလိုမျိုး မြန်မာပြည်မှာ ပထမဆုံးမြင်ဖူးတာဖြစ်ပြီး ခရီးစရိတ်မရှိလို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“မန္တလေးကိုတောင် ရောက်လာပြီဗျာ။ သူ လေယာဉ်စီးလာလို့ပဲ ရတယ်။ သင်္ဘောနဲ့လည်း ၀င်လို့မရဘူး။ ကားနဲ့လည်း ၀င်လို့ မရဘူး။ ပိုက်ဆံမရှိဘဲနဲ့ ဒီကိုလာလို့မှ မရဘဲ။ ယိုးဒယားတို့ ကမ္ဘောဒီးယားတို့မှာလည်း အဲ့ဒါမျိုးတွေ ရှိပါတယ်။ အဓိကကတော့ စရိတ်ချွေတာတာပေါ့လေ။ အလှူခံလို့ရရင် တဒေါ်လာပဲ ရရ၊ နှစ်ဒေါ်လာပဲရရ ရသမျှ အမြတ်ပဲလေ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013