DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်လက်ထက်တွင် ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရန် မျှော်လင့်နေကြ
DVB
·
February 12, 2016
အစိုးရသစ်လက်ထက်တွင် ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရန် မျှော်လင့်နေကြ
Donate to DVB

လာမယ့် အစိုးရသစ်လက်ထက်မှာ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် မိသားစုဝင်တွေက မျှော်လင့်နေကြပါတယ်။

သာယာဝတီကျောင်းသားတွေ ရုံးထုတ်မှာ လာရောက်ကြတဲ့၊ ကျောင်းသားမိဘတွေနဲ့၊ ဧည့်သည်တွေက အခုလိုမျှော်လင့်နေကြတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်း က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်တွေအနေနဲ့ အဖမ်းဆီးခံ ကျောင်းသား တွေ လွှတ်ပေးဖို့အတွက် အရေးကြီးအဆိုတွေ တင်ပေးဖို့လိုအပ်ပါတယ်။ နောက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရလက်ထက်မှာတော့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာ မရှိသင့်တော့ပါဘူး”လို့ ပြောပါတယ်။

အဲဒါနဲ့ပတ်သတ်ပြီး ကျောင်းသားမိဘတွေကလည်း သူတို့ရဲ့မျှော်လင့်ချက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ရဲ့ဖခင် ဒေါက်တာနေ၀င်း က “NLD အနေနဲ့ စစ်အဆိုးရကို တလျှောက်လုံးဆန့်ကျင်လာခဲ့တဲ့ ပါတီတခုဖြစ်ခဲ့လို့ ကျောင်းသားတွေ ၀ိုင်းရံ ပြည်သူတွေ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိကို လွှတ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါ တယ်။ ဘာလို့လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဖြစ်ခဲ့တာကြောင့် မျှော်လည်း မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

ဖမ်းစီးခံကျောင်းသား ကိုပိုင်ပိုင်ရဲ့ဖခင် ကိုအောင်ကြီး က “အခုအစိုးရကော နောက်တက်လာ မယ့် အစိုးရကိုကော ပြောခင်တာက လွှတ်ပေးဖို့တော့ မတောင်းဆိုချင်ပါဘူး။ ဒါပေမယ့် အခုကျောင်းသားတွေ ထောင်ထဲနဲ့ တရားခွင်မှာ အရမ်းပင်ပန်းဆင်းရဲနေတယ်။ ဒါကြောင့် တရားရုံးက ဒီအမှုတွေကို မှန်မှန်ကန်ကန်စစ်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်”လို့ ဆိုပါတယ်။

ကျောင်းသားတွေကိုစွဲထားတဲ့ ဒီအမှုတွေနဲ့ပတ်သတ်ပြီး ကျောင်းသားတွေဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ Peace and Justice Legal Aid က တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုး က  အခုလိုပြောပါတယ်။

“ဒီကလေးသူငယ် ၂ ယောက်ရယ် အောင်မှိုင်းဆန်းပါ ၆၉ ယောက်ရယ်၊ အာမခံရထားတဲ့ ၁၁ ယောက်ရယ်၊ ဒီအမှုတွေအားလုံးကို နောက်တက်လာမယ့် အစိုးရနဲ့ နောက်တက်လာမယ့် တရားရေးဋ္ဌာနတွေ အနေနဲ့ မတရားသဖြင့် လုပ်ခံထားရတာဖြစ်တာကြောင့် အားလုံးချေဖျက်ပြီးကို ပိတ်သိမ်းပြစ်ဖို့ တောင်းဆိုချင်ပါတယ်။”

ကျောင်းသားတွေကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ဆိုရင် ၁၁ လနဲ့ ၁ ရက်ရှိပါပြီ ဒါပေမယ့် ပြီးခဲ့တဲ့ ၈ ရက်နေ့က နောက်ဆုံးရုံးထုတ်ရက်အထိ တရားလို သက်သေ ၃ ကိုပဲ စစ်ဆေးနိုင်ပါသေးတယ်။

တရားလိုဘက်က တင်ထားတဲ့သက်သေတွေ ကျောင်းသားတွေ ၀ိုင်းရံပြည်သူတွေကို အခုလို ပြီးဆုံးအောင် ဆက်လက်စစ်မေးပြီးမှဆိုရင် အချိန်ကာလ အားဖြင့် ၅ နှစ်ခန့်လောက် ကြာသွားလိမ့်မယ်လို့ ကျောင်းသားတွေရဲ့ ရှေ့နေတွေက ခန့်မှန်းပြောဆိုနေကြတာကြောင့် ကျောင်းသားမိဘတွေ ၀ိုင်းရံပြည်သူတွေက NLD အစိုးရကပဲ ဒီကိစ္စကို ဖြေရှင်းပေး နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013