DVB Logo
Home
မြန်မာသတင်း
လေယာဉ်ပျက်ကျ သေဆုံးသူ ၅ ဦးကို နေပြည်တော် စစ်သင်္ချိုင်းတွင် သင်္ဂြိုဟ်
DVB
·
February 12, 2016
လေယာဉ်ပျက်ကျ သေဆုံးသူ ၅ ဦးကို နေပြည်တော် စစ်သင်္ချိုင်းတွင် သင်္ဂြိုဟ်
1 / 5
Donate to DVB

နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း တပ်မတော်လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့တဲ့ တပ်မတော်သား ၅ ဦးကို ဒီနေ့ မနက်ပိုင်းက နေပြည်တော်ရှိ စစ်သင်္ချိုင်းမှာ သင်္ဂြိုဟ်ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက် မနက် ၉ နာရီ ၄၁ မိနစ်အချိန်က တပ်မတော်လေယာဉ် B 1900 ဟာ နေပြေည်တော်လေယာဉ်ကွင်းကနေ စတက်ပြီး မကြာမီ လယ်ဝေးမြို့နယ် ရွှေပြည်သာ ကျေးရွာအုပ်စု၊ ကြံခင်းကျေးရွာ တောင်ဘက် မတ်ပဲစိုက်ခင်းအတွင်း ပျက်ကျခဲ့ပြီး မီးလောင် ကျွမ်းသွားခဲ့လို့ သေဆုံးခဲ့ကြတာဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဒုတပ်ကြပ် ၁ ဦးအပါအ၀င် ၄ ဦး အခင်းဖြစ်ပွား နေရာမှာ သေဆုံးခဲ့ပြီး ဒုတပ်ကြပ်တဦးကတော့ ဆေးရုံ မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ BEECH-1900 D အမျိုးအစား အလတ်စားသယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ ပုံမှန် Flight Check ဆောင်ရွက်ဖို့ နေပြည်တော်လေဆိပ်မှအတက် လေထဲမှာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013