DVB Logo
Home
မြန်မာသတင်း
တရားမ၀င် မြန်မာအလုပ်သမား ၅ ဦးကို ဂျပန်ရဲ ဖမ်းဆီး
DVB
·
February 11, 2016
တရားမ၀င် မြန်မာအလုပ်သမား ၅ ဦးကို ဂျပန်ရဲ ဖမ်းဆီး
Donate to DVB

ဂျပန်နိုင်ငံအတွင်းမှာ တရားမဝင် အလုပ်လုပ်နေတယ်လို့ သံသယရှိတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို တိုကျိုရဲက ဖမ်းဆီးလိုက်ပါတယ်။

ဒုက္ခသည်လျှောက်ထားစဉ် လဝက ခွင့်ပြုထားတဲ့ ဥပဒေအရ အလုပ်လုပ်ခွင့် မရရှိသေးချိန် အလုပ်လုပ်ခဲ့တယ်လို့ သံသယနဲ့ တိုကျိုရဲဌာနက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မှာ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၃ ဦးကို လဝကဥပဒေ ချိုးဖောက်တဲ့ သံသယရှိမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသား ၅ ဦးဟာ နိုင်ငံခြားသား သင်တန်းသားအဖြစ် ၂၀၁၄ ခုနှစ်မှာ ဂျပန်နိုင်ငံကို ရောက်ရှိခဲ့ပြီး အိရှီဂ၀ ခရိုင်(Ishikawa-ken)က အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ခဲ့ပြီး လုပ်ခလစာနည်းလို့ ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ တိုကျိုမြို့ လဝကမှာ ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၅ နိုဝင်ဘာကနေ အခုနှစ် ဖေဖော်ဝါရီအထိ လဝကမှ နေထိုင်ခွင့် ပြုထားပေမယ့်လည်း အလုပ်လုပ်ခွင့် မရှိသေးချိန်မှာ စိုင်းတမ ခရိုင် (Saitama-ken) ရှိ စားသောက်ကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်ခဲ့တယ်လို့ သံသယရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသား ၅ ဦးကို အထည်ချုပ်စက်ရုံနဲ့ အဝတ်လျှော်ဆိုင်တို့မှာ အလုပ်လုပ်ဖို့ အလုပ်မိတ်ဆက်ပေးခဲ့တယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံသား အမျိုးသားကိုလည်း ရဲဌာနက လ၀ကဥပဒေ ချိုးဖောက်မှု သံသယနဲ့ အရေးယူမှုပြုလုပ်ဖို့ စုံစမ်းစစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013