DVB Logo
Home
မြန်မာသတင်း
ထိုင်းအလှကုန် ၂ မျိုး သုံးစွဲရန် မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန ကြေညာ
DVB
·
February 11, 2016
ထိုင်းအလှကုန် ၂ မျိုး သုံးစွဲရန် မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန ကြေညာ
Donate to DVB

မျက်နှာပြင် အသားအရေ ပျက်စီးစေတဲ့ စတီးရွိုက်ဆေးဝါး ထည့်သွင်းထုတ်လုပ်ထားတဲ့ ထိုင်းနိုင်ငံထုတ် အလှကုန် ၂ မျိုးကို သုံးစွဲရန် မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံထုတ် FOREVER YOUNG အလှကုန်ပစည်း ၂ မျိုးဟာ မျက်နှာမှာ ဖြစ်ပွားတတ်တဲ့ တင်းတိတ်၊ နှင်းခူ စတဲ့ ရောဂါတွေဖြစ်ပွားရင် သုံးတဲ့ ဆေးတမျိုး ထည့်သွင်းထုတ်လုပ်ထားတာ စစ်ဆေးတွေ့ရှိရတာကြောင့် သုံးစွဲရန်မသင့်ဘူးလို့ ကြေညာရတာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုး ဒေါက်တာထွန်းလင်းအောင်က ပြောပါတယ်။

“Clobetasol ဆိုတဲ့ စတီးရွိုက်ဆေးပါတယ်၊ သူ့ ထုတ်ကုန်မှာလည်း အဲ့ဒါပါတဲ့အကြောင်း ပါပါတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံရဲ့ ဥပဒေအရ ဒီ Clobetasol သည် အလှကုန်ထဲမှာ လုံးဝ ထည့်ပိုင်ခွင့် မရှိပါဘူး၊ သူက စပြီး လိမ်းခါစမှာ နုပြီးချောပြီးလှသွားပြီးတော့ နောက် ၆ လ၊ ၁ နှစ်ကြာတဲ့အချိန်ကျတော့ အရေပြားက အင်မတန်နုသွားပြီး ၀က်ခြံတွေ ဘုတွေ ထွက်လာ၊ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးတွေ ၀င်လာတာပေါ့။”

အဲ့ဒီအလှကုန်သုံးပြီး ဘေးထွက်ဆိုးကျိုးခံစားရတဲ့ ကာယကံရှင်တွေရဲ့ သတင်းပေးပို့ချက်အရ သူတို့ဌာနက စစ်ဆေးပြီး အခုလို ကြေညာချက်ထုတ်နိုင်ခဲ့တာလို့လည်း ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်ကြောင်း ကြေညာခဲ့တဲ့ အလှကုန်ပေါင်း အခု ၂ မျိုး အပါအ၀င် ၁၅ မျိုး ရှိပါပြီ။

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဟာ ဈေးကွက်အတွင်း ရောင်းချနေတဲ့ ကော်ဖီမစ်တွေကို စစ်ဆေးနေပြီး မကြာမီ ကြေညာချက်ထုတ်ပြန်သွားဖို့ ရှိပါတယ်။

ဒါ့အပြင် လတ်တလောမှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ ရေသန့်စက်ရုံအမြောက်အမြားကို စစ်ဆေးပြီး စံချိန်မမီလို့ ထုတ်လုပ်ခွင့် ၆ လ ပိတ်သိမ်းအရေးယူထားပါတယ်။

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်၊ သောက်သုံးရန်နဲ့ သုံးစွဲရန်မသင့်ကြောင်း ကြေညာအသိပေးခဲ့တဲ့ စားသောက်ကုန်နဲ့ အလှကုန်အမျိုးအစား နာမည်စာရင်းတွေကို စုစည်းပြီး မကြာခင် စာအုပ်အဖြစ်ထုတ်လုပ်ဖြန့်ဖြူးသွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013