DVB Logo
Home
မြန်မာသတင်း
တရားမ၀င် ဓာတ်မြေသြဇာ ၅ မျိုး ကြေညာ
DVB
·
February 11, 2016
တရားမ၀င် ဓာတ်မြေသြဇာ ၅ မျိုး ကြေညာ
Donate to DVB

တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသလို အရည်အသွေးနဲ့ စံချိန်စံညွန်းပြည့်မီမှု အာမခံချက် မရှိတဲ့ ဓာတ်မြေသြဇာ အမှတ်တံဆိပ် ၅ မျိုးစာရင်းကို မြေသြဇာကော်မတီက ကြေညာလိုက်ပါတယ်။

ကြေညာခံထားရတဲ့ အဆိုပါ ဓာတ်မြေသြဇာ ၅ မျိုးထဲမှာ တောင်ငူမြို့မှာ တွေ့ရတဲ့ ဟာမိုနီပဲမျိုးစုံ အထူးရွက်ဖျန်းဆေးနဲ့ ရှင်းသန့်အမိုင်နို အသီးအပွင့်အားဆေးရည်၊ ရန်ကုန်မှာ တွေ့ရတဲ့ ဒို့လယ်သမား (၂) ရွက်ဖျန်းအားဆေးရည်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ရန်ကုန် ကော့မှူးမြို့နယ်မှာတွေရဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ Enriched Compost Fertilizer Shwe Myay Si အော်ဂန်းနစ်ဓာတ်မြေသြဇာနဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ တွေ့ရတဲ့ Foliar Fertilizer (ယိုးဒယားစာ) ဓာတ်မြေသြဇာတွေ ပါဝင်ပါတယ်။

အဆိုပါဓာတ်မြေသြဇာတွေကို ၀ယ်ယူသုံးစွဲမိရင် သီးနှံအထွက်နှုန်းထိခိုက်လျော့နည်းပြီး သုံးစွဲသူတွေ စီးပွားရေးတွက်ခြေမကိုက်ဘဲ ဆုံးရှုံးနစ်နာမှုတွေဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

မှတ်ပုံတင်မထားတဲ့ ဓာတ်မြေသြဇာတွေကို ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချရင် ဥပဒေ အရ အရေးယူသွားမယ်လို့လည်း မြေသြဇာကော်မတီက သတိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013