DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် လုပ်ခလစာမရသည့် မြန်မာတဦး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ
DVB
·
February 11, 2016
မလေးရှားတွင် လုပ်ခလစာမရသည့် မြန်မာတဦး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ
Donate to DVB

အလုပ်ရှင်က လုပ်ခလစာမပေးတဲ့အတွက် စိတ်ပျက်နေတဲ့ မြန်မာအလုပ်သမားတဦး လည်ပင်းကိုလှီးပြီး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့တယ်လို့ မလေးရှား သည်စတားသတင်းမှာဖော်ပြပါတယ်။

အသက် ၂၄ နှစ်အရွယ် မြန်မာအလုပ်သမားဟာ ပါရာမောင့်ဂါဒန်းရှိ ပင်လယ်စာ စားသောက်ဆိုင်မှာ လအတန်ကြာ အလုပ်လုပ်ကိုင်နေခဲ့ပုံရပြီး မှန်အပိုင်းအစတခုနဲ့ လည်လှီးခဲ့တာလို့ ဆိုပါတယ်။

ပတ်တလင်းဂျာရာခရိုင် ရဲအရာရှိကတော့ ဖေဖော်ဝါရီ ၉ ရက်ည ၇ နာရီခွဲလောက်က မူတီရာယာဒါမန်ဆာရာအရပ်ရှိ ကုန်တိုက်တခုအနီး အဆိုပါ အမျိုးသားကို တွေ့ခဲ့ရတာဖြစ်ပြီး မြန်မာနိုင်ငံ မွန်ပြည်နယ် မုဒုံက ကျော်လင်းထိုက်ဆိုသူဖြစ်ကြောင်း စိစစ်တွေ့ရတယ်လို့ ပြောပါတယ်။

သူ့ကို အခင်းဖြစ်ပွားရာအနီးနားက ဆရာဝန်တဦးက ဆေးကုသပေးခဲ့ပြီး စုံစမ်း စစ်ဆေးချက်တွေအရ သူဟာ လုပ်ခလစာမရလို့ စိတ်ပျက်နေသူဖြစ်တယ်လို့လည်း ပြောပါတယ်။ လက်ရှိ ကိုကျော်လင်းထိုက်ကို ဆေးရိုပို့ဆောင် ဆေးကုသမှုပေးနေပြီး ကျန်းမာရေး ပြန်ကောင်းလာနေပြီလို့ သတင်းမှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013