DVB Logo
Home
မြန်မာသတင်း
ဦးညီညီလွင် အာမခံလျှောက်ထားချက် ပယ်ချခံရ
DVB
·
February 10, 2016
ဦးညီညီလွင် အာမခံလျှောက်ထားချက် ပယ်ချခံရ
Donate to DVB

တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဇန်န၀ါရီ ၁၉ ရက်နေ့က ဖမ်းဆီးတရားစွဲဆိုခံရတဲ့ နိုင်ငံရေအကျဉ်းသားဟောင်း ဦးညီညီလွင်ရဲ့ အာမခံလျှောက်ထားချက်ကို တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။

ဦးညီညီလွင်ဟာ ပြီးခဲ့တဲ့အပတ်ရုံးချိန်းက အာမခံပေးဖို့ လျှောက်ထားခဲ့တာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ရာ အာမခံမပေးဘဲ ပယ်ချခဲ့တာလို့ ဦးညီညီလွင်ရဲ့ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ပြီးခဲ့အပတ်က အာမခံလျှောက်ထားတာနဲ့ပတ်သက်လို့  တရားရုံးက အဓိက အချက်ဖြစ်တဲ့ လျောက်တင်တုန်းက အမှုကို စမစစ်သေးတာရယ်၊ အထူးကုဆရာဝန်နဲ့ ကုသ ရန်လို အပ်ပါတယ်ဆိုတဲ့ ထောင်ဆရာဝန်ရဲ့ ဆေးမှတ်ချက်မပါတာရယ်၊ နောက်တချက်က ဦးညီညီလွင်ကိုယ်တိုင်က ဆေးတွေသောက်ခွင့်ရနေပါတယ်ဆိုပြီး ပြောတယ်ဆိုတဲ့အချက်၊ အဲဒီအချက်တွေအရ ကျနော်တို့ အာမခံလျောက်ထားချက်ကို ပယ်ပါတယ်။”

ဒါကြောင့် နောက်တပတ် အင်္ဂါနေ့ ရုံးချိန်းမှာ အာမခံရဖို့ ထပ်မံလျှောက်တင်မယ်လို့လည်း ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

လတ်တလောမှာတော့ ဦးညီညီလွင်ဟာ ခွဲစိတ်ထားတဲ့ဒဏ်ကြောင့် နှာခေါင်းမှာ နာကျင်နေတဲ့အတွက် အသက်ရှူလို့ သိပ်မ၀တဲ့ ဝေဒနာမျိုးခံစားနေရတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ ရုံးချိန်းအတွင်း တရားလိုကို စစ်ဆေးမေးမြန်းရာမှာလည်း တရားမ၀င် နယ်စပ် ဖြတ်ကျော်ပါတယ်ဆိုတဲ့ အထောက်အထား မပြနိုင်ခဲ့ဘူးလို့လည်း ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။၏

“ဒီကနေ့ တရားလို လ၀က ဦးစီးမှူး ဦးသောင်းတန်ကို စစ်မေးတဲ့အခါမှာ ဦးသောင်းတန်က အဓိက အားဖြင့် သူ တာချီလိတ်ဘက်ကနေပြီးတော့ တရားမ၀င် ဖြတ်ကျော်လာတယ်လို့ သူက တရားစွဲဆိုတာ။ ဒါပေမယ့် အဲဒီလို ဖြတ်ကျော်လာတယ်ဆိုတဲ့ အကြောင်းချက်နဲ့ ပတ်သက်တဲ့ စာရွက်စာတန်း အထောက်ထားနဲ့ သူသက်သေတင်ပြနိုင်တာ မရှိပါဘူးခင်ဗျာ။”

ဒါ့အပြင် မဟာအောင်မြေမြို့နယ်ဟာ နယ်စပ်မြို့မဟုတ်ဘဲ လ၀ကဥပဒေပုဒ်မ ၁၃ (၁) နဲ့ အရေးယူတာဟာ သဘာဝမကျဘူးလို့လည်း ဝေဖန်သွားပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရအဖြစ် ထင်ရှားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးညီညီလွင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြည်ပကနေ မန္တလေးမြို့ကို နိုင်ငံကူး လက်မှတ်လျှောက်ထားဖို့ ရောက်ရှိစဉ် တရားမ၀င် နယ်ခြားဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013