DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် တီဘီနှင့် အိပ်ခ်ျအိုင်ဗွီ ပူးတွဲကူးစက်နှုန်း မြင့်မားနေ
DVB
·
February 10, 2016
မြန်မာနိုင်ငံတွင် တီဘီနှင့် အိပ်ခ်ျအိုင်ဗွီ ပူးတွဲကူးစက်နှုန်း မြင့်မားနေ
Donate to DVB

မြန်မာနိုင်ငံဟာ တီဘီနဲ့အိပ်ခ်ျအိုင်ဗွီ ပူးတွဲကူးစက်ဖြစ်ပွားမှုနှုန်း မြင့်မားတဲ့ နိုင်ငံ တနိုင်ငံဖြစ်တယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကုလသမဂ္ဂ အေအိုင်ဒီအက်စ်တိုက်ဖျက်ရေး အဖွဲ့တွေရဲ့ ဖေဖော်ဝါရီ ၉ ရက် ပူးတွဲထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တီဘီနဲ့ အိပ်ခ်ျအိုင်ဗွီ ပိုးကူးစက်ဖြစ်ပွားမှု ရပ်တန့်လျော့ကျစေဖို့  တိုးတက်ဆောင်ရွက်နိုင်ခဲ့ပေမယ့် ဒီရောဂါနှစ်ခုဟာ  ပြည်သူ့ကျန်းမာရေးကို အဓိကခြိမ်းခြောက်အန္တရာယ်ပြုနေတယ်။ ဒီရောဂါတွေကြောင့် အရွယ်မတိုင်မီ သေဆုံးတာတွေ၊ ထိခိုက်ခံစားရတာတွေနဲ့  စီးပွားရေးဆုံးရှုံးမှုတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ တီဘီရောဂါကြောင့် သေဆုံးသူ ခန့်မှန်းချေ ၃၂၀၀၀ လောက်ရှိပြီး ဒီအထဲကမှ တီဗွီနဲ့ အိပ်ခ်ျအိုင်ဗွီ ပူးတွဲကူးစက်ခံရလို့ သေဆုံးသူ ၄၁၀၀ လောက်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

ဒီအခြေအနေတွေကို ဖြေရှင်းဖို့ အမျိုးသားတီဘီနဲ့ အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးဌာနတွေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ အိပ်ခ်ျအိုင်ဗွီလူနာတွေမှာ  တီဘီကူးစက်ခံရမှုလျှော့ချရေး နဲ့ တီဘီလူနာတွေမှာ အိပ်ခ်ျအိုင်ဗွီနဲ့  နောက်ဆက်တွဲပြဿနာတွေ လျှော့ချရေးစတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ အထိ အိပ်ခ်ျအိုင်ဗွီကူးစက်ခံရနှုန်း ၀ ဒသမ ၅၄ ရာခိုင်နှုန်းရှိပြီး  နှစ်စဉ်လူနာအသစ် ၉,၀၈၂ ဦးရှိကာ အသက် ၁၅ နှစ်အထက် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရမှုနှုန်းက ၂ သိန်းလောက်ရှိပါတယ်။  တီဘီရောဂါ အသစ်ဖြစ်ပွားနှုန်းကတော့  ၁ နှစ်ကို  ၄ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013