DVB Logo
Home
မြန်မာသတင်း
အမေရိကန်ထက်စောပြီး မြန်မာတွင် အမျိုးသမီး သမ္မတ တက်နိုင်ဟုဆို
DVB
·
February 10, 2016
အမေရိကန်ထက်စောပြီး မြန်မာတွင် အမျိုးသမီး သမ္မတ တက်နိုင်ဟုဆို
Donate to DVB

အမေရိကန် ပြည်ထောင်စုထက် အရင်စောပြီး မြန်မာနိုင်ငံက အမျိုးသမီး သမ္မတတဦး ရနိုင်တယ်လို့ နယူးယောက်မဂ္ဂဇင်းက ရေးပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ မဖြစ်နိုင်ပေမယ့်လည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးပြောဆိုချက်အရ သမ္မတဖြစ်ဖို့ အလားအလာရှိနေတယ်လို့လည်း ဂါးဒီးယန်း သတင်းစာကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက အနိုင်ရရှိခဲ့ပြီးတဲ့နောက် သူဟာ သမ္မတဖြစ်ဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဦးကျော်ထွေးကလည်း ဆွေးနွေးညှိနှိုင်းမှုက ဒေါ်ဆောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အပြုသဘောဆောင်နေတယ်လို့ ဂါဒီယန်းကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။

မတ် ၁၇ ရက်မှသာ အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်နဲ့ စစ်တပ်က ရွေးချယ်တဲ့ သမ္မတ အမည်စာရင်း ကြေညာဖို့ အစည်းအဝေး စမှာဖြစ်ပါတယ်။

အရွေးချယ်မခံရရင်လည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နိုင်မယ့် အလားအလားရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း ဒီမိုကရက်တစ် သမ္မတ လောင်း ဟီလာရီကလင်တန်ဟာ သမ္မတ အဖြစ် အရွေးချယ်ခံရဖို့အတွက် ပါတီတွင်း ပြိုင်ဘက် ဆန်ဒါနဲ့ ယှဉ်ပြိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013