DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် မြေလွတ်မြေရိုင်းဖော်ထုတ်မှုအပေါ် ဆန္ဒပြ
DVB
·
February 10, 2016
မန္တလေးတိုင်းတွင် မြေလွတ်မြေရိုင်းဖော်ထုတ်မှုအပေါ် ဆန္ဒပြ
1 / 4
Donate to DVB

မန္တလေးတိုင်းဒေသကြီး အစိုးရအစီအစဉ်နဲ့ မြင်းခြံမြို့မှာ ဆောင်ရွက်တဲ့ မြေလွတ်မြေရိုင်း ဖော်ထုတ်မှုကို ဒေသခံကျေးရွာသားတွေရာနဲ့ချီပြီး ကန့်ကွက်ဆန္ဒပြကြပါ တယ်။

ဆားကားကျေးရွာအနီး မြေလွတ်မြေရိုင်းဖော်ထုတ်မှုဟာ ရွာသားတွေ အဓိကအမှီပြုနေတဲ့ ဆည်ရေလမ်းပိတ်မှာ စိုးရိမ်တဲ့အတွက် မြင်းခြံမြို့ပေါ်မှာ ဒီကနေ့ ကန့်ကွက်ကြတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

လှည့်လည်ဆန္ဒပြသူ ၅၀၀ လောက်က မြေလွတ်မြေရိုင်းတူးဖော်မှုရပ်စဲရေး၊ ဆားခါးကျေးရွာ သောက်သုံးရေး မပျက်စီးရေး၊ ဆားခါးကျေးရွာမြနန္ဒာဆည် မပျက်စီးရေး ဒို့အရေး စတဲ့ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး လှည့်လည်ကြပါတယ်။

ဆားခါးရွာသူ ဒေါ်ကြည်ရွှေက  “ဆားခါးဆည်ရေကြီးကို သူတို့က မြေလွတ် မြေရိုင်းတူးဖော်ရေးဆိုပြီးတော့ စက်ကြီးတွေနဲ့ထိုးလို့ ဆန္ဒပြတာ။ ဆားခါးက ရေရှား တယ်လေ။ ကန်တွေထဲကို အဲဒီဆည်က ရေလှောင်ပြီးတော့ ကဲ့ရတာပေါ့။  အခုကျမတို့ ရွာရဲ့ဆည်ထဲဝင်တဲ့ ချောက်တွေကို စက်ယန္တရားတွေနဲ့ ဖြည့်ပြီးတော့ လုပ်တဲ့အတွက်၊ သူတို့ဒီလိုလုပ်ရင် ကျမတို့ ရွာထဲရေမ၀င်တော့ဘူးလေ၊ ရွာက တကယ် ရေငတ်ပြီးတော့ သေရမယ့်အပေါက်မျိုးဆိုတော့ ဆန္ဒပြတာ” လို့ ပြောပါတယ်။

ဆားခါးကျေးရွာမှာ အိမ်ထောင်စု ၄၈၀ စုရှိပြီး ရွာရဲ့အရှေ့ဘက် ၁ မိုင်လောက်အကွာမှာ မြနန္ဒာဆည်ရှိပြီး သောက်သုံးရေအတွက် အဓိကအားထားရာဖြစ်ပါတယ်။ သောက်ရေပြတ်လတ်မှာ စိုးတဲ့အတွက် စပါးစိုက်ပျိုးမှု ရပ်နားထားတာ ၄ နှစ်ရှိပြီလို့ ဆိုပါတယ်။

မြင်းခြံမြို့ခံ ဦးဇော်ထွေးက “ဆည်ထဲက ရေကိုရွာမှာရှိတဲ့ ဘုန်းကြီးကျောင်း ကန်တွေထဲထည့်ပြီး သောက်သုံးကြရတာ။ မြေလွတ်မြေရိုင်းဖော်ထုတ်လိုက်တဲ့အတွက် ကြောင့် ဆည်ထိပ်မှာရှိတဲ့ မြေဧရိယာတွေက ပေ ၁၅၀- ၂၀၀ ရှိတဲ့ မြေကို ဖို့တဲ့အတွက် ရေ၀င်လမ်းတွေကိုဖို့ပြီးတော့ နုန်းတွေက ဆည်ထဲကို ပို့မယ့်အလားအလာဖြစ်တဲ့အတွက် ဒေသခံတွေက လက်မခံတာပေါ့နော်” လို့ ရှင်းပြပါတယ်။

ဒေသခံတွေက ဒီလိုမြေလွတ်မြေရိုင်းတူးဖော်မှုကို ရပ်ဆိုင်းဖို့ မနှစ် ဒီဇင်ဘာလက တည်းက တောင်းဆိုခဲ့ကြပါတယ်။  ဒီရက်ပိုင်းမှာ စက်ယန္တရားတွေနဲ့ ဆည်ရေ ဝင်မြောင်းတွေကို မြေဖို့တာ၊ မြေညှိတာတွေ ထပ်လုပ်လာတဲ့အတွက် ဆက်လက်မလုပ်ဖို့ ရွာသူရွာသားတွေက နေ့ရောညပါ စောင့်ကြည့်နေခဲ့ရတယ်လို့လည်း ဒေါ်ကြည်ရွှေက ပြောပါတယ်။

သက်တမ်း ၂ လသာ ကျန်ရှိတော့တဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့အနေနဲ့ ဒီအစီအစဉ်ကို ဆိုင်းငံ့မလား၊ တိုင်းဒေသကြီး အစိုးရသစ်လက်ထက်မှာ ဘယ်လို ဆောင်ရွက်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဓာတ်ပုံ - မြင့်နိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013