DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းတွင် အသတ်ခံရသည့် ဟန်နာကို ထိုင်းမသွားရန် အမေတားမြစ်ဟု ဆို
DVB
·
February 10, 2016
လိပ်ကျွန်းတွင် အသတ်ခံရသည့် ဟန်နာကို ထိုင်းမသွားရန် အမေတားမြစ်ဟု ဆို
Donate to DVB

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ အသတ်ခံရတဲ့ ဟန်နာ ၀စ်သာရစ်ခ်ျရဲ့ မိဘတွေက လုံခြုံရေးကို စိုးရိမ်တဲ့အတွက် ထိုင်းကို မသွားဖို့ သမီးကို ပြောကြားခဲ့ပါတယ်။

ထိုင်းကို သွားဖို့ ဆုံးဖြတ်ချက်မချခင် သမီးက ဥရောပ ဒါမှမဟုတ် သြစတြေးလျကို သွားရဖို့အစောပိုင်းက စီစဉ်ခဲ့တယ်လို့ အသက် ၂၃ နှစ် ဟန်နာ မိခင်က ဆူဆန် ၀ှစ်သာရစ်ခ်ျက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“မိသားစုတွေက သူခရီးစဉ်ကို အမြဲကန့်ကွက်ခဲ့ပြီး ဒီခရီးကိုမသွားဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီကို သွားတာ မိသားစု တယောက်ကမှ မပျော်ခဲ့ပါဘူး။ ဒါပေမယ့် သူက ဆုံးဖြတ်ပြီးနေပြီ” လို့ သူက ပြောတယ်လို့ ဗြိတိန် တယ်လီဂရပ်ဖ်သတင်းက ရေးပါတယ်။

ဟန်နာက နေ့တိုင်း စကိုက်ကနေစကားပြောဒါမှမဟုတ်ရင် မက်ဆေ့ခ်ျပို့ရင်း မိသားစု စိုးရိမ်မှုကို ဖြေဖျောက်ပေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သက်သာရာရခဲ့သလို လိပ်ကျွန်းကို သွားပြီဆိုတော့ ရေကူးဖို့နဲ့ နေပူစာလှုံဖို့လောက်ပဲလို့ မှတ်ထင်ထားတယ်လို့ ဆူဆန်က ပြောပါတယ်။

ဒါပေမယ့် စက်တင်ဘာ ၁၆ ရက်မှာတော့ သူရဲ့ ကမ္ဘာဟာ ပြိုလဲသွားတယ်လို့ ထင်ရတဲ့အကြောင်း ကွာရှင်းထားတဲ့ ခင်ပွန်းက မီးဖိုခန်းထဲကို ရောက်လာကာ ငိုရှိုက်ပြီး လဲပြိုသွားတယ်လို့ သူက ပြောပါတယ်။

ဒီနောက် ထိုင်းကို သွားရောက်ရာမှာတော့ ဗြိတိန်သံရုံးက တာဝန်ရှိသူက ဟန်နာနဲ့ ဒေးဗစ်တို့ အသတ်ခံရတဲ့အကြောင်း ပြောပြတယ်လို့ ဆိုပါတယ်။

ရတဲ့ အချက်အလက်တွေက တကယ့်ကို ကြမ်းကြုတ်တဲ့အတွက် တော်တော်သည်းခံရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

ဦးခေါင်းမှာ ရရှိတဲ့ မြောက်မြားလှတဲ့ ဒဏ်ရာတွေကြောင့် ဟန်နာက သေဆုံးသွားတာဖြစ်တယ်လို့ ရောဂါဗေဒပညာရှင် ဒေါက်တာနတ်ကာရီက ပြောပါတယ်။

ဟန်နာရဲ့ ဒဏ်ရာတွေဟာ ပေါက်တူးအသွားကို လက်နက်လို အသုံးပြုပြီး အကြိမ်မြောက်မြားစွာ အထိုးခံရတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါအပြင် ဟန်နာဟာ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်ခံရသလို ခုခံလို့ရတဲ့ သက်သေ အထောက် အထားမရှိဘူးလို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅မှာ ဟာနာဟာ ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ အသက် ၂၄ နှစ် ဒေးဗစ်မေလာနဲ့ အတူ အသတ်ခံခဲ့ရပြီး ဒီအမှုကြောင့် မြန်မာ အလုပ်သမား ၂ ဦးကို သေဒဏ် ချမှတ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013