DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တရက်တည်းဖြင့် ကျပ်သိန်း ၅၀၀၀ ကျော်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
February 10, 2016
ရန်ကုန်တွင် တရက်တည်းဖြင့် ကျပ်သိန်း ၅၀၀၀ ကျော်ဖိုးရှိ  စိတ်ကြွဆေးပြားများ ဖမ်းမိ
1 / 3
Donate to DVB

ရန်ကုန်မြို့မှာ တစ်ရက်အတွင်းမိခဲ့တဲ့ မူးယစ်ဆေးဝါးမှု ၃ မှုကနေ တန်ဖိုးကျပ်သိန်း ၅၀၀၀ ကျော်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁ သိန်းကျော် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လယ် ၃ နာရီခွဲအချိန်က သတင်းအရ မန္တလေးမူးယစ်မှုတစ်ခုက ကွင်းဆက်တရားခံဖြစ်သူ ကျော်ဝင်းမြင့် ဆိုသူနေထိုင်တဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၈ ရပ်ကွက်က နေအိမ်ကိုဝင်ရောက်ရှာဖွေရာ မိုင်းကိုင်စက္ကူဖြင့်ထုပ်ထားတဲ့ WYစာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၉၈ ပြားနဲ့ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၀ ပြား၊ အကျိုးအကျေ ၅ ဂရမ်ခန့် စုစုပေါင်း တန်ဖိုး ငွေကျပ် ၄၅၄၀၀၀၀ ကို ဖမ်းမိခဲ့တာပါ။

အဲဒီ့နေ့ ည ၇ နာရီအချိန်မှာပဲ တာမွေမြို့နယ်နေ ဇော်မင်းနိုင်က သူ့ရဲ့လက်ကိုင်ဖုန်းနဲ့ စိုးနိုင်ထံ မူးယစ်ဆေးဝါးတွေ မှာယူနေတာကိုသိရှိခဲ့ရပြီး ရဲတပ်ဖွဲ့မှ စောင့်နေချိန် ဇော်ဇော်အောင် မောင်းနှင်ပြီး စိုးနိုင်စီးနင်းလိုက်ပါလာတဲ့ အငှားယာဉ်တစ်စီးကို ရှာဖွေခဲ့ရာ ယာဉ်ရဲ့ နောက်ထိုင်ခုံညာဘက်ကြမ်းခင်ပေါ်က အဖြူ၊ အပြာရောင် ကွက်ကြားပီနံအိတ် ၁ လုံးကို  ဖွင့်ဖောက်စစ်ဆေးရာမှာ စုစုပေါင်းစိတ်ကြွရူးသွပ် ဆေးပြား ၁ သိန်းပြား တန်ဖိုးငွေကျပ် သိန်း ၅၀၀၀ အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။

အလားတူ ထိုနေ့ည ၁၂ နာရီအချိန်လောက်မှာ ရဲတပ်ဖွဲ့ဝင်တွေက သစ္စာလမ်းမကြီးပေါ်မှာ ယာဉ်စစ်ပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေစဉ် ကမ္ဘာအေးဘုရားလမ်း မီးပွိုင့်ဘက်မှ ရန်ကင်း ကလေးဆေးရုံဘက်သို့ ဒဂုံမြောက်မြို့နယ်နေ ဘီလူး (ခ) အောင်သူဖြိုး မောင်းနှင်ပြီး တာမွေမြို့နယ်နေ မပွင့်သီရိပိုင် တို့ စီးနင်းလာတဲ့ အငှားယာဉ်ကို စစ်ဆေးရှာဖွေရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၂၈၂ ပြား စုစုပေါင်းတန်ဖိုးငွေကျပ် ၁၄ သိန်းကျော်ဖိုးကို သိမ်းဆည်းရမိခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013