DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသား ၂ ဦးကို တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့် စင်ကာပူတွင် ဖမ်းဆီး
DVB
·
February 10, 2016
မြန်မာနိုင်ငံသား ၂ ဦးကို တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့် စင်ကာပူတွင် ဖမ်းဆီး
Donate to DVB

စင်ကာပူနိုင်ငံက တရားမ၀င်နယ်စပ်ဖြတ်ကျော် ထွက်ခွာဖို့ ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံသား ၂ယောက်ကို စင်ကာပူ-မလေးရှား နယ်စပ် Woodland ဂိတ်အနီးမှာ ဖေဖော်ဝါရီလ ၉ ရက် မနက်အစောပိုင်းက ဖမ်းဆီးမိခဲ့ကြောင်း စင်ကာပူ စထရိတ်တိုင်မ်း သတင်းစာမှာ ဖော်ပြထား ပါတယ်။

အသက် ၂၆ နှစ်နဲ့ ၄၂ နှစ် အရွယ်ရှိသူ အမျိုးသားနှစ်ဦးဟာ မနက်အစော ၄နာရီလောက်က စင်ကာပူနယ်စပ်ကနေ မလေးရှားကို သွယ်တန်းထားတဲ့ ရေပိုက်လိုင်းပေါ် ဖြတ်လျှောက်နေစဉ် နယ်စပ်ဂိတ်ရဲတွေက စမြင်ပြီး ၁၀ မိနစ်အကြာမှာ ဖမ်းမိတာဖြစ်ကြောင်း စင်ကာပူရဲနဲ့ လ၀က ICA တို့ပူးတွဲထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သူတို့တွေမှာ လေထိုးထားတဲ့ စက်ဘီးကျွတ်တွေလည်း ဖမ်းမိပြီး သူတို့ ၂ ယောက်ဟာ စင်ကာပူနိုင်ငံမှာ ဗီဇာရက်လွန်နေထိုင်ခဲ့ဖွယ်ရှိကြောင်း ရဲတွေက သုံးသပ်ထားပါတယ်။

လက်ရှိ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေပြီး စင်ကာပူ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ရက်လွန်(သို့)တရားမ၀င် နေထိုင်မှုကို ထောင် ၆ လအထိ ချနိုင်ပြီး ကြိမ်ဒဏ် ၃ ချက် ကျခံရသလို တရားမ၀င်ထွက်ခွာမှုအတွက် ထောင် ၆ လ၊ စင်ကာပူဒေါ်လာ ၂၀၀၀ ငွေဒဏ် (သို့) နှစ်မျိုးလုံး ကျခံနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
PHOTO: IMMIGRATION AND CHECKPOINTS AUTHORITY/ SINGAPORE POLICE FORCE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013