DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံအလယ်ပိုင်းတွင် မြန်မာအလုပ်သမားတဦး အသတ်ခံရ
DVB
·
February 9, 2016
ထိုင်းနိုင်ငံအလယ်ပိုင်းတွင် မြန်မာအလုပ်သမားတဦး အသတ်ခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်ပထုံခရိုင်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦး အသတ်ခံရတယ် လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၈ ရက် မနက် ၈ နာရီခွဲက ဆမ်ဖလန်းမြို့ ယိုင်းချားရပ်ကွက် နို့ထွက်ပစ္စည်းစက်ရုံ အနောက်ဘက်မှာ လူသတ်မှုဖြစ်ပွားကြောင်းသတင်းရလို့  အခင်းဖြစ်ပွားရာနေရာ သွားရောက်ကြည့်ရှုစစ်ဆေးရာမှာ အနက်ရောင်တီရှပ်၊ ဂျင်းဘောင်းဘီဝတ် လူရွယ်တစ်ဦး ဒဏ်ရာတွေနဲ့ မှောက်လျှက်သေဆုံးနေတာ တွေ့ရတယ်လို့ ဆမ်ဖလန်းမြို့နယ်ရဲစခန်း တာဝန်ကျ ဒုရဲအုပ်က သတင်းထောက်တွေကို ပြောပါတယ်။

သေဆုံးသူရဲ့လည်ပင်းနဲ့ ရင်ဘတ်မှာ အနက် ၄ လက်မခန့် ချွန်မြသောအရာနဲ့ ထိုးထားတဲ့ ဒဏ်ရာတွေ့ရှိရပြီး အနီးနားပတ်ဝန်းကျင်မှာ မသေခင်က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ပုံစံတွေ တွေ့ရကြောင်း၊ မှုခင်းဆရာဝန်ပြောပြချက်အရ လွန်ခဲ့တဲ့ ၆ နာရီနဲ့ ၁၂ နာရီကြား သေဆုံးခဲ့ တယ်လို့ ဆိုပါတယ်။

သေသူရဲ့ ဘောင်းဘီအိတ်ထဲမှာ ပိုက်ဆံအိတ်တလုံးရှိပြီး အထဲမှာ ဘတ်ငွေ ၂၅၀၀ နဲ့ ရွှေ့ပြောင်းအလုပ်သမားကတ်ပါရှိကြောင်း၊ အဆိုပါကတ်အရ သေသူဟာ မြန်မာနိုင်ငံသား  ကိုနိုင် (အသက် ၃၂ နှစ်)ဖြစ်ပြီး သားသတ်ရုံတခုမှာ အလုပ်လုပ်နေတာလို့ ရဲစခန်းက ပြောပါတယ်။

လူသတ်မှုနဲ့ ပတ်သက်ပြီး အနီပတ်ဝန်းကျင်ကို စစ်ဆေးမေးမြန်းရာမှာ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက သေဆုံးသူနဲ့ အခြားမြန်မာအလုပ်သမား ၂ ယောက်ဟာ အခင်းမဖြစ်ခင်ညက ဆိုင်မှာ ဘီယာလာဝယ်သွားကြောင်း၊ သေသူကို တခါမှမမြင်ဖူးပေမယ့် ကျန်တဲ့ ၂ ယောက်ကတော့ သူတို့ဆိုင်မှာ ဈေးလာဝယ်နေကျ အဲဒီအနီးနားတ၀ိုက်စက်ရုံက အလုပ်သမားတွေလို့ ထွက်ဆိုပါတယ်။

ဒီအမှုမှာ အလုပ်သမားအချင်းချင်း ခိုက်ရန်ဖြစ်ပွားတာလို့ ရဲစခန်းက ကနဦးခန့်မှန်းထားပြီး ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ အဲဒီအနီးနားက စက်ရုံတွေကို လိုက်လံစစ်ဆေးနေ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013