DVB Logo
Home
မြန်မာသတင်း
မြန်မာ့မိုဘိုင်းကွန်ရက်တိုးချဲ့ရန် ချေးငွေဒေါ်လာသန်း ၃၀၀ အော်ရီဒူးရရှိ
DVB
·
February 9, 2016
မြန်မာ့မိုဘိုင်းကွန်ရက်တိုးချဲ့ရန် ချေးငွေဒေါ်လာသန်း ၃၀၀ အော်ရီဒူးရရှိ
Donate to DVB

မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ခေတ်မီ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်ပိုမိုတိုးချဲ့ဖို့ အတွက် အော်ရီဒူးမြန်မာကုမ္ပဏီကို အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)နဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ရှင်း (အိုင်အက်ဖ်စီ)တို့က အမေရိကန်ဒေါ်လာ သန်း ၃၀၀ ချေးငွေ ထုတ်ပေးမယ်လို့ အော်ရီဒူးကုမ္ပဏီက ထုတ်ပြန်ပါတယ်။

အော်ရီဒူးက အကောင်အထည်ဖော်နေတဲ့ သရီးဂျီနည်းပညာသုံး ခေတ်မီမိုဘိုင်း ဆက်သွယ်ရေး ကို မြန်မာပြည်သူတွေအတွက် အသံကြည်လင်ပြတ်သားစွာနဲ့ အကောင်းဆုံး ဒေတာ ၀န်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ပေးအပ်တာလို့ အော်ရီဒူးကုမ္ပဏီရဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အော်ရီဒူးအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် ရှိတ်ဆာဒ်ဘင် နက်စ်ဆာ အယ်လ်သာနီက “လွန်ခဲ့တဲ့ ၂ နှစ်ကာလမှ အော်ရီဒူးဟာ မြန်မာပြည်သူတွေအတွက် ကမ္ဘာ့အဆင့် တယ်လီဖုန်း ဆက်သွယ်ရေးကွန်ရက် ပံ့ပိုးပေးရေးအစီအစဉ်နဲ့ပတ်သက်ပြီး သိသိသာသာတိုးတက် ဆောင်ရွက် နိုင်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေနဲ့ လူတဦးချင်းအကြား ဆက်သွယ်ရေးတိုးမြှင့်အောင် အောင်ရွက်ပြီး တိုင်းပြည်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာအောင် တယ်လီဖုန်းဝန်ဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးပြီး ပံ့ပိုးသွားမယ်”လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အေဒီဘီရဲ့ ညွန်ကြားရေးမှူး ခရစ်စတိုဖာသီမီ ကတော့ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ တယ်လီဖုန်းဆက်သွယ်မှုနှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်ပြီး ဒီလို အရေးပါတဲ့ တယ်လီဖုန်း ၀န်ဆောင်မှု တိုးမြှင့်လိုက်တာကနေ အနည်းဆုံး ဆင်းရဲတဲ့သူတွေနဲ့ အမျိုးသမီးတွေသုံးစွဲခွင့်ရလာမယ်လို့ ပြောပါတယ်။

ဒါ့အပြင် အေဒီဘီရဲ့ အကူအညီဟာ မြန်မာလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း တယ်လီဖုန်းသုံးစွဲနိုင်ရေး အစိုးရရဲ့ ရည်မှန်းချက်ကို အထောက်အကူအဖြစ်စေမယ်လို့လည်းဆိုပါတယ်။

အော်ရီဒူးမြန်မာကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်ကစလို့ မြန်မာနိုင်ငံမှာ မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရ ၀င်ရောက်လုပ်ကိုင်နေတာဖြစ်ပြီး နိုင်ငံတ၀န်း သန်းနဲ့ချီတဲ့မိုဘိုင်းဖုန်းသုံးစွဲ သူတွေကို ၀န်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတခုဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013