ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး အခြေခံဥပဒေအတိုင်း ဆောင်ရွက်မည်ဟု စစ်တပ်ကိုယ်စားလှယ် ပြော (ရုပ်သံ)
ကျော်ဇေယျာဝင်း
·
February 9, 2016

ပုဒ်မ ၅၉ (စ)နဲ့ ပတ်သတ်ပြီး တပ်မတော်အကြီးအကဲက တိတိကျကျညွှန်ကြားထားတာ မရှိသလို အခြေခံဥပဒေအတိုင်းသာဆက်လက်ဆောင်ရွက်သွားမယ်လို့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ဒီဗွီဘီကိုပြောပါတယ်။
သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်မှာ မဟုတ်သလို ဆိုင်းငံမှာလည်း မလုပ်ဘူးလို့ မနေ့ပြီးသွားတဲ့ တပ်မတော် ၄ လပတ်အစည်းအဝေးမှာ ဗိုလ်ချပ်မှူးကြီး မင်းအောင်လှိုင်က ပြောတယ်လို့ တပ်မတော်ထိပ်တန်းခေါင်းဆောင်တွေနဲ့ အဆက်အသွယ် ရှိနေတဲ့ လွှတ်တော်ကော်မရှင် တခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။