DVB Logo
Home
မြန်မာသတင်း
မဲပေးသူအရေအတွက် ၈ ပုံ ၁ ပုံရသည့် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအာမခံငွေ ထုတ်ခွင့်ရ
DVB
·
February 9, 2016
မဲပေးသူအရေအတွက် ၈ ပုံ ၁ ပုံရသည့် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအာမခံငွေ ထုတ်ခွင့်ရ
Donate to DVB

ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲအာမခံငွေ ၃ သိန်း ပြန်လည်ထုတ်ယူခွင့်ရတဲ့ ကိုယ်စားလှယ် လောင်းပေါင်း ၂၆၂ ဦးအထိရှိခဲ့ပြီး အများစုဟာ ပြည်ခိုင်ဖြိုးပါတီက ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ  မဲပေးသူအရေအတွက်ရဲ့ ရှစ်ပုံတစ်ပုံရတဲ့ ကိုယ်စားလှယ်လောင်းတွေ ကို အာမခံငွေကျပ် ၃ သိန်း ပြန်ထုတ်ပေးခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းမှာ ကိုယ်စားလှယ် လောင်းပေါင်း ၂၆၀ ကျော်ကို အာမခံငွေပြန်ထုတ်ယူခွင့်ပြုခဲ့တာပါ။

အာမခံငွေထုတ်ယူခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပြီး အဲဒီငွေတွေကို ၆ လအတွင်း ထုတ်ယူ ခွင့်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌ ဦးကိုကိုက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ဖြစ်ပွားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြား ထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ကန့်ကွက်လွှာအမှု ၆ ခုကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကပဲတိုက်ရိုက်ကိုင် တွယ်ဖြေရှင်းသွားမယ်လို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင်တော့ အာမခံပြန်ရတဲ့ ကိုယ်စားလှယ်လောင်း ၂၅၀၀ ရှိခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013