DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စု မောင်နှင့် မယ် ရွေးပွဲကျင်းပ (ဓာတ်ပုံ)
DVB
·
February 8, 2016
ပြည်ထောင်စု မောင်နှင့် မယ် ရွေးပွဲကျင်းပ (ဓာတ်ပုံ)
1 / 8
Donate to DVB

၂၀၁၆ ခုနှစ် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်က ကြီးမှူးပြီး ကာယဗလမောင်နှင့် အမျိုးသမီးကာယကြံ့ခိုင်မှု အားကစားပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။

ဒီပွဲကို ကယာဗလမောင် ၅၅ ကီလိုတန်း၊ ၆၀ ကီလိုတန်း၊ ၆၅ ကီလိုတန်း၊ ၇၀ ကီလိုတန်း၊ ၇၅ ကီလိုတန်းဆိုပြီး အသီးသီး ယှဉ်ပြိုင်စေတဲ့အခါမှာ အားကစားသမားပေါင်း ၅၀ လောက်အထိ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲ့ဒီလို ကီလိုတန်းအသီးသီးကနေ ကယာဗလမောင်အဖြစ် ရွေးချယ်ခံရတဲ့ သူ ၅ ဦးနဲ့ ကယာဗလမောင်ဟောင်း တို့ကို စိန်ခေါ်ပွဲအနေနဲ့ ဆက်လက်ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို ယှဉ်ပြိုင်တဲ့အခါမှာတော့ ပြည်ထောင်စုမောင်အဖြစ် ထွန်းထွန်းအောင်က ယခင် မောင်ဗမာဟောင်းကို ကျော်ဖြတ်ပြီး ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ အမျိုးသမီး ကယာ ကြံ့ခိုင်မှုပြိုင်ပွဲမှာတော့ ၁၆၀ စင်တီမီတာအောက် ပြိုင်ပွဲနဲ့ ၁၆၀ စင်တီမီတာအထက် ပြိုင်ပွဲဆိုပြီး အသီးသီးကျင်းပခဲ့တဲ့အခါမှာ အမျိုးသမီး အကားကစားသမား ၁၂ ဦးအထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ ၁၆၀ စင်တီမီတာအောက်နဲ့ ၁၆၀ စင်တီမီတာအထက် ပြိုင်ပွဲတွေကနေ ဆုရရှိခဲ့တဲ့သူ ၄ ဦးနဲ့ အမျိုးသမီးကာယကြံ့ခိုင်မှုမယ်ဟောင်း နန်းလောင်ခမ်းနဲ့ စိတ်ခေါ်ပွဲ အနေနဲ့ ယှဉ်ပြိုင်စေခဲ့တဲ့အခါမှာ မယ်ဟောင်းဖြစ်တဲ့ နန်းလောင်ခမ်းကဘဲ အနိုင်ရရှိသွား ခဲ့တာဖြစ်ပါတယ်။ အခု ဆုရရှိသွားတဲ့ ပြည်ထောင်စု မောင်နဲ့ မယ်ကို လာမယ့်နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်က စခန်းသွင်း လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။

အခုပွဲမှာ ယှဉ်ပြိုင်ဖို့ မမှီလိုက်တဲ့ ကာယဗလ မောင်၊မယ်တွေအနေနဲ့ နောင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ အခါမှာ နိုင်ငံတကာပွဲတွေ အထိဝင်ရောက်နိုင်အော် လေ့ကျင့်ထား ကျဖို့ ပွဲအပြီးမှာ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ် အနေနဲ့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013