DVB Logo
Home
မြန်မာသတင်း
ရေနစ်နေသူကို ရှာနိုင်သလား (ရုပ်သံ)
DVB
·
February 8, 2016
Donate to DVB

ရေကူးဘောတွေနဲ့ လူတွေ ရာနဲ့ချီကူးခတ်နေတဲ့ ရေကူးကန်အတွင်းမှာ တဦးတယောက်က ရေနစ်နေရင်တော့ အလွယ်တကူ သိနိုင်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့်လည်း မျက်စိလျင်တဲ့ ရေကူးကန်စောင့်တွေကတော့ လူတွေ ဘယ်လောက်များများ ရေနစ်နေတဲ့သူကို အလွယ်တကူ သိနိုင်ပါတယ်။

ယူကျူပေါ်ကို တင်ထားတဲ့ ရုပ်သံဖိုင်တခုမှာတော့ လူတွေ အမြောက်အမြား ရေကူးနေတဲ့ ကန်အတွင်းမှာ ရေနစ်နေသူ တဦးကို အစောင့်အမျိုးသမီးတဦးက သိရှိပြီး ကယ်တင်နိုင်တဲ့ ဖြစ်ရပ်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီဗွီဒီယိုဖိုင်ကို တင်တဲ့ အသက်ကယ်ဆယ်ရေး အဖွဲ့ကတော့ ရုပ်သံပါ ဖြစ်ရပ်ကို ကြည်ရှုပြီး ရေထဲမှာ အန္တရာယ်ကို သတိထားနိုင်ဖို့ တင်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ရေကူးကန်အစောင့်လုပ်မယ့် လူတွေကိုလည်း ဒီရုပ်သံဖိုင်ကို သင်တန်းအထောက်အကူပြုအနေနဲ့ အသုံးပြုဖို့အတွက်လည်း ရည်ရွယ်ပြီး တင်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013