DVB Logo
Home
မြန်မာသတင်း
ရှမ်းအမျိုးသားနေ့ပွဲအပြန် ကားမှောက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ
DVB
·
February 8, 2016
ရှမ်းအမျိုးသားနေ့ပွဲအပြန် ကားမှောက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ
1 / 3
Donate to DVB

ထိုင်းမြန်မာနယ်စပ်ရှိ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ဌာနချုပ် လွိုင်တိုင်းလျဲန်းမှာ ကျင်းပတဲ့ ရှမ်းအမျိုးသားနေ့ပွဲတော်ကိုသွားရောက်ပြီး ပြန်လာတဲ့ ခရီးသည်တင်ကားတစ်စီး ဖေဖော်ဝါရီ ၈ရက်မနက်က တိမ်းမှောက်ပြီး ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

မျက်မြင်ခရီးသည် တစ်ဦး ဖြစ်တဲ့ စိုင်းဆုက “ဒီကနေ့ ကားတွေအများကြီး တန်းစီပြီး ပွဲကပြန်လာကြတယ်။ ကျနော်တို့ ဆင်းလာတော့ ပန်ခမ်းရွာမရောက်ခင် ကားမှောက်နေ တာတွေ့တယ်လေ၊ အသက် ၅၀ ကျော် အဒေါ်ကြီး တယောက် ဆုံးသွားတယ်။ နောက် မိန်းကလေး ၄ ယောက်လောက်ဒဏ်ရာရတယ်။ ကားမောင်းသမားက နည်းနည်းပါးပါးဘဲ ဒဏ်ရာရတယ်။ သူတို့ကားက လွိုင်တိုင်းလျဲန်းကနေ ဆင်းလာပြီး ဆယ့်ငါးမိနစ်ကျော်လောက်ဘဲ မောင်းရသေးတာတဲ့၊ ဘရိတ်မှာ ပြဿနာနည်းနည်းရှိပြီး အဲဒီမှာ ဘရိတ်မအုပ်နိုင်လို့ လမ်းဘေးက မြောင်းထဲမှောက်သွားတာ၊ ကားလည်း တော်တော်ပျက်စီးသွားတယ်”လို့ ပြောပါတယ်။

သေဆုံးသူမှာ အသက် ၅၂ နှစ်ရွယ်ရှိ ဒေါ်နန်းနွန်းဆိုသူဖြစ်ပြီး ကျိုင်းတုံမြို့နယ်ကဖြစ်ကာ မယ်ဆိုင်ဘက်ကနေလှည့်ပြန်ဖို့ ပြင်စဉ် ခုလိုမတော်တဆဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။ ဒဏ်ရာရ သူတွေကိုတော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ ပန်မတ်ဖာ့ဆေးရုံ လူနာတင်ယာဉ် ၂ စီးက လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

လွိုင်တိုင်းလျဲန်းမှာ ဖေဖော်ဝါရီ ၇ ရက်က ကျင်းပတဲ့ ရှမ်းပြည်အမျိုးသားနေ့ပွဲကို ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားတွေလည်း အများအပြား တက်ရောက်ကြပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ ကလည်း အဲဒီပွဲကိုသွားမယ့် ကားတစ်စီး တိမ်းမှောက်ခဲ့ပါတယ်။
ဓာတ်ပုံ - Suthep Chuejetton

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013