DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ် ဗုဒ္ဓတက္ကသိုလ်ဖွင့်လှစ်
DVB
·
February 8, 2016
ရှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ် ဗုဒ္ဓတက္ကသိုလ်ဖွင့်လှစ်
1 / 8
Donate to DVB

ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၆၉ နှစ်မြောက် ရှမ်းပြည်နယ်အမျိုးသားနေ့ အခမ်းအနားကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်က တခုတည်းသော နိုင်ငံတကာ အဆင့်မီ ဗုဒ္ဓတက္ကသိုလ်ကို ဖွင့်လှစ်လိုက်ပါတယ်။

ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် နိုင်ငံတကာစာပေဟောပြောပွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျင်းပပြီး ၇ ရက်နေ့မှာတော့ ဗုဒ္ဓတက္ကသိုလ် မုခ်ဦးနဲ့ ကဗျည်းကျေက်စာဖွင့်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓတက္ကသိုလ်ကို ရှမ်းပြည်နယ် တောင်ကြီးမြို့ ပန်းတင်အုပ်စု ဘုရားဖြူ ရပ်ကွက် ဗောဓိကုန်းမှာ တည်ဆောက်ထားပြီး ဘုရား၊ သိမ်၊ ဇရပ် အစရှိတဲ့ သာသနိကအဆောက်အအုံအပြင် စသင်ဆောင်၊ အိပ်ဆောင်၊ ဘွဲ့နှင်းသဘင်၊ အစည်းအဝေးခန်းမဆောင်တွေနဲ့ပါ ပြည့်ပြည့်စုံစုံ တည်ဆောက်ဖို့ ရည်ရွယ်ထားကြောင်း၊ လောလောဆယ် သံဃာတော်များအိပ်ဆောင်၊ ကျောင်းသားများအိပ်ဆောင်၊ ဆွမ်းစားဆောင်နဲ့ ဆရာများ အဆောင်ဘဲ ဆောက်လုပ် ပြီးစီးပေမယ့် ရှမ်းပြည်နယ်အမျိုးသားနေ့ အထိမ်းအမှတ်ဖြစ်အောင် ဦးစွာဖွင့်ပွဲကျင်းပရခြင်း ဖြစ်တယ်လို့ ဝေဠုဝန်ကျောင်းတိုက် စာချကိုယ်တော် အရှင် က္ကစရိယ က ဒီဗွီဘီကို မိန့်ပါတယ်။

ဒီတက္ကသိုလ်ကို အင်္ဂလန်နိုင်ငံအော့စ်ဖို့ဒ် တက္ကသိုလ်မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် နေတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်သား ဒေါက်တာ ခမ်းမိုင်ဓမ္မသာမိ ဦးဆောင်ပြီး ရှမ်းပြည်နယ် ၀န်ကြီးချုပ်အပါအ၀င် ရဟန်းရှင်လူ ပုဂ္ဂလိက စေတနာရှင်များရဲ့ မတည်ငွေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတက္ကသိုလ်ကနေ ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို နိုင်ငံတကာအဆင့်မီ သင်ကြားပို့ချမှာဖြစ်ပြီး ဘီအေ၊ အမ်အေနဲ့ ပါရဂူဘွဲ့တွေပါ ချီးမြှင့်မှာဖြစ်ကြောင်း၊ သံဃာများတင်မက စိတ်ဝင်စားသူ လူပုဂ္ဂိုလ်များပါ တက်ရောက်လေ့လာဆည်းပူးနိုင်တယ်လို့ အရှင် က္ကစရိယက မိန့်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်သံယာ့မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ နိုင်ငံတော် ဒုသမတ ဒေါက်တာစိုင်းမောက်ခမ်း၊ သာသနာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနဲ့ ရှမ်းပြည်နယ်တွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား အစရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ ဘာသာရေးအသင်းများ၊ ယဉ်ကျေးမှုအဖွဲ့နဲ့ ရှမ်းပြည်တွေပါ လူပေါင်း ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။
ဓာတ်ပုံ - Khun Lu၊ On Khuenshai

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013