DVB Logo
Home
မြန်မာသတင်း
ပြည်နယ်လွှတ်တော် အကြီးကဲများကို ရခိုင်ပါတီ မဲခွဲရွေးချယ်
DVB
·
February 7, 2016
ပြည်နယ်လွှတ်တော် အကြီးကဲများကို ရခိုင်ပါတီ မဲခွဲရွေးချယ်
Donate to DVB

ရခိုင်ပြည်နယ်လွှတ်တော်အတွက် ရခိုင်အမျိုးသားပါတီက လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဌတို့ကို ဒီနေ့မှာ မဲခွဲပြီး ရွေးချယ်လိုက်ကြပါတယ်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပုဏ္ဏားကျွန်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်လှ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ရသေ့တောင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘိုးမင်းတို့ကို ရွေးချယ်လိုက်တယ်လို့ မြေပုံပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။

“မနေ့ကလုပ်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်စည်းဝေးပွဲမှာ ဦးဘိုးမင်းနဲ့ ဦးစံကျော်လှဆိုတဲ့ ပုဂိုလ် ၂ ဦးကို ရွေးတယ်။ ဒီနေ့မှာ ပြည်နယ်လွှတ်တော်တက်မယ့် ပါတီက ပြည်နယ်ကိုယ်စားလှယ် ၂၂ ယောက်က သူတို့ နှစ်ဦးကို မဲပေးရွေးတော့ ဦးစံကျော်လှက ၁၄မဲ၊ ဦးဘိုးမင်းက ၈ မဲရတယ်၊ ဒါကြောင့် ဦးစံကျော်လှက လွှတ်တော်ဥက္ကဋ္ဌ၊ ဦးဘိုးမင်းက ဒုတိယဥက္ကဋ္ဌ။”

ဖေဖော်ဝါရီ ၈ရက်မှာ စတင်မယ့် ပြည်နယ်လွှတ်တော်အတွက် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နေရာကို ပါတီက  ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော်မှာ အန်အယ်လ်ဒီက လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ အမည်စာရင်းတင်သွင်းလာရင်တော့ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ပြီး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီက ၂၂ နေရာနဲ့ အများစု ရှိနေပြီး အန်အယ်လ်ဒီက ၈ နေရာနဲ့ ရခိုင်တိုင်းရင်းသား ၁ နေရာ၊ ကြံ့ခိုင်ရေးက ၃၊ တပ်ကိုယ်စားလှယ်က ၁၂ နေရာ ရှိပါတယ်။

ဖေဖော်ဝါရီ ၆ ရက်မှာ အန်အယ်လ်ဒီကထွက်ပေါ်ခဲ့တဲ့ ပြည်နယ်တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ အမည်စာရင်းမှာ ရခိုင်နဲ့ ရှမ်းပြည်နယ်လွှတ်တော်တို့က အမည်စာရင်း ပါမလာပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013