DVB Logo
Home
Lead Story
ထောက်ကြန့် အမှိုက်ပုံအနီးတွင် စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
February 7, 2016
ထောက်ကြန့် အမှိုက်ပုံအနီးတွင် စိတ်ကြွဆေးများ ဖမ်းမိ
1 / 5
Donate to DVB

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ပျဉ်းမပင် ကျေးရွာအုပ်စု၊ ရန်ကုန်-ပြည်လမ်းရေစင်ကားမှတ်တိုင်၊ အမှိုက်ပုံအနီးမှာ ဖေဖော်ဝါရီ ၅ ရက်နေ့က အထုပ်တွေထဲက စိတ်ကြွဆေးပြားအထုတ်တွေ သိမ်းဆည်း ရမိခဲ့ပါတယ်။

မသင်္ကာဖွယ်ရာ ချုံပုတ်အတွင်းမှာ ပလတ်စတစ်နဲ့ ထုတ်ထားတဲ့ WY စာတန်းပါ ပန်းရောင်း စိတ်ကြွဆေးပြား ၁ သောင်းပါ အထုတ် ၂၄ ထုပ်၊  ပလတ်စတစ်ကပ်ခွာ အိတ်ငယ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၂၀၀ စီပါတဲ့ အထုတ် ၁၁ ထုပ်နဲ့ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်အတွင်းကနေ အရောင်လွင့်ပြယ်နေတဲ့ စိတ်ကြွဆေးပြား ၅၀၀နဲ့ ခြုံပုတ်နဲ့ ၅ ပေလောက်အကွာ ဆာလာအိတ်ဟောင်းအတွင်းမှာ မှိုင်းခံစက္ကူနဲ့ ပတ်ထားတဲ့ စိတ်ကြွဆေးပြား ၁ သောင်းစီပါတဲ့ အထုတ် ၂ ထုပ်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နယ်မြေရဲစခန်းက မူးယစ်ဆေးဝါနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ နဲ့ အမှုဖွင့် အရေးယူ စုံစမ်းနေပါတယ်။

ဓာတ်ပုံ -  Yangon Police

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013