DVB Logo
Home
Lead Story
နမ့်ဆန်မီးဘေးသင့် ဒုက္ခသည်များအတွက် မုံရွာမြို့ရှိ လူငယ်များ အလှူခံ
DVB
·
February 7, 2016
နမ့်ဆန်မီးဘေးသင့် ဒုက္ခသည်များအတွက် မုံရွာမြို့ရှိ လူငယ်များ အလှူခံ
1 / 6
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့က မီးဘေးသင့် ပြည်သူတွေအတွက် မုံရွာမြို့မှ လူငယ်တွေက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ အလှူငွေကောက်ခံနေကြပါတယ်။

မုံရွာမြို့ရှိ ပရဟိတလူမှုရေးအသင်းဖွဲ့တွေက လူငယ်တွေနဲ့ မုံရွာတက္ကသိုလ်မှ ကျောင်းသူကျောင်းသားတွေဟာ မြို့တွင်း လူစည်ကားရာနေရာဖြစ်တဲ့ ကျောက္ကာလမ်း၊ ဗိုလ်ချုပ်လမ်း၊ အိုးရှင်းစင်တာရှေ့နဲ့ ညဈေးတန်းလမ်းတွေမှာ လိုက်လံအလှူခံနေကြတာပါ။

အလှူငွေကောက်ခံရာမှာ ငွေကြေးအပြင် စားစရာများ၊ အဝတ်ထည်တွေ၊ စောင်တွေနဲ့ ဆေးဝါးတွေလည်း ပါဝင်ပါတယ်။

လူငယ်အဖွဲ့အနေနဲ့ အခုလို အလှူခံမထွက်ခင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ စတင်အလှူခံခဲ့တာဖြစ်ပြီး အနယ်နယ်အရပ်ရပ်က လှူဒါန်းမှုတွေလည်း ရှိခဲ့တယ်လို့ လူငယ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လူငယ်အဖွဲ့အနေနဲ့ ရရှိလာတဲ့ လှူဒါန်းပစ္စည်းတွေကို ဖေဖော်ဝါရီ ဒုတိယအပတ်မှာ နမ့်ဆန်မြို့အထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းကြမယ်လို့လည်း ဆိုပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့က နမ့်ဆန်မြို့မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့လို့ အိမ်ခြေ ၂၈၀ ကျော် ဆုံးရှုံးခဲ့ပြီး လူဦးရေ ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဓာတ်ပုံ - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013