DVB Logo
Home
မြန်မာသတင်း
အုန်းဖျံဒုက္ခသည်စခန်းတွင် ကလေးငယ်ကို အဓမ္မပြုကျင့်မှုဖြင့် အမျိုးသားတဦးကို ဖမ်းဆီး
DVB
·
February 7, 2016
အုန်းဖျံဒုက္ခသည်စခန်းတွင် ကလေးငယ်ကို အဓမ္မပြုကျင့်မှုဖြင့် အမျိုးသားတဦးကို ဖမ်းဆီး
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အုန်းဖျံဒုက္ခသည်စခန်းက အသက် ၅ နှစ်အရွယ် ကလေးငယ်တဦးအား အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲချက်နဲ့ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခံထားရတဲ့ အသက် ၂၈ နှစ်အရွယ် တာပေါဆိုသူကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးသွားသလို ကလေးကိုလည်း မဲဆောက်မြို့မှာ ဆေးစစ်ချက်တွေ ယူဖို့ ခေါ်ဆောင်သွားတယ်လို့ အုန်းဖျံ ဒုက္ခသည်စခန်းမှ အမည်မဖော်လိုသူ စခန်းတာဝန်ရှိသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကလေးမလေးကိုလည်း သူတို့ မဲဆောက်ပို့လိုက်တယ်၊ အဲဒီကောင်ကိုလည်း သူတို့ အချုပ်ကားနဲ့ တိုက်ရိုက် လာဖမ်းသွားတယ်။”

ဒီအမှုကို ထိုင်းအာဏာပိုင်တွေက တာဝန်ယူထားတဲ့အတွက် နောက်ဆက်တွဲ ဘာမှ ထပ်မသိရတော့ဘူးလို့ ဆိုပါတယ်။

ထိုင်း sanook သတင်းမှာ ရေးသားချက်အရ ကလေးငယ်ဟာ အဓမပြုကျင့်ခံရပြီး နောက်တနေ့ ဗိုက်နာလို့ မိခင်ဖြစ်သူကို အဓမ္မပြုကျင့်ခံရတဲ့အကြောင်း ဖွင့်ပြောခဲ့တယ်လို့ ဖော်ပြပါတယ်။

သတင်းမှာ ရေးသားချက်အရ ကလေးငယ်ကို အိမ်အနောက်မှာ အဓမ္မပြုကျင့်ပြီး ဘယ်သူကိုမှ မပြောဖို့ တာပေါက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အသက် ၂၈ အရွယ် မြန်မာနိုင်ငံသား တာပေါဆိုသူကို ကလေးရဲ့ မိခင်ဖြစ်သူ အသက် ၄၅ နှစ်အရွယ် မနွယ်က စခန်းတာဝန်ရှိသူတွေကို တိုက်ချက်ဖွင့်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်တွေ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

တာပေါဆိုသူက ကလေးကို ခေါ်သွားတာမှန်ပါတယ်၊ အဓမ္မပြုကျင့်တာ မဟုတ်ပါဘူး၊ ဒါပေမယ့် လက်နဲ့တော့ လုပ်တယ်လို့ ထွက်ဆိုထားတယ်ကြောင်း ထိုင်း sanook သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်တလျှောက်မှာ ဒုက္ခသည် စခန်း ၉ ခုရှိတဲ့အနက် အုန်းဖျံ ဒုက္ခသည်စခန်းမှာ လူဦးရေ ၂ ထောင်နီးပါးရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013