DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး တိုင်းရင်းသားအားလုံးကြိုးပမ်းရန် သမ္မတတိုက်တွန်း
DVB
·
February 7, 2016
လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး တိုင်းရင်းသားအားလုံးကြိုးပမ်းရန် သမ္မတတိုက်တွန်း
Donate to DVB

လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို တိုင်းရင်းသားပြည်သူများအားလုံးက နိုင်ငံတော်အစိုးရနဲ့အတူ လက်တွဲကြိုးပမ်းဖော်ဆောင်သွားကြပါလို့ သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီ ၇ ရက် ၆၉နှစ်မြောက် ရှမ်းပြည်နယ်နေ့သ၀ဏ်လွှာမှာ တိုက်တွန်း ရေးသားဖော်ပြလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်းဒေသခေါင်းဆောင်များဟာ ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ တွေ့ဆုံပြီး ပြည်မနဲ့ပူးပေါင်းလို့ လွတ်လပ်ရေးရယူမယ်လို့ ဆုံးဖြတ်နိုင်ခဲ့ကြတယ်။ အဲ့ဒီ ဖေဖော်ဝါရီ ၇ ရက်ကို ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်လို့ သမ္မတ သ၀ဏ်လွှာမှာ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် ယနေ့အချိန်အခါမှာ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိရာ ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူများ လိုလားတောင့်တတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်လို့ သမ္မတက ဆိုပါတယ်။

ရှမ်းပြည်နယ်အတွင်းရရှိထားပြီးဖြစ်တဲ့ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းများနဲ့ အတူ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ် ကို မောင်နှမများအားလုံးက စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်တဲ့  ပြည်ထောင်စုစိတ်ဓာတ်ဖြင့် သွေးစည်းညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းတယ်လို့လည်း သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013