DVB Logo
Home
Lead Story
၆၉ နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့ ကျင်းပ
DVB
·
February 7, 2016
၆၉ နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့ ကျင်းပ
1 / 15
Donate to DVB

၆၉ နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့အခမ်းအနားကို ရှမ်းပြည်တပ်မတော် တောင်ပိုင်း ဌာနချုပ်ဖြစ်တဲ့ လွိုင်တိုင်းလန်းမှာ ဒီနေ့ စတင် ကျင်းပနေပါတယ်။

ဒီနှစ် ထူးခြားချက်ကတော့ တပြည်လုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီး ပထမဆုံး ကျင်းပတာဖြစ်သလို၊ ပြည်တွင်း နိုင်ငံရေး အပြောင်းအလဲ ကာလနဲ့ တိုက်ဆိုင်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့ညဦးပိုင်းမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ သတင်းသမားတွေကို ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ကိုယ်တိုင် ဧည့်ခံပြီး နှုတ်ခွန်းဆက်စကား ပြောခဲ့ပါတယ်။

ဒီနေ့ မနက် တရားဝင် အခမ်းအနားမှာ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က နိုင်ငံရေးမိန့်ခွန်းပြောဖို့ ရှိပါတယ်။

စစ်ရေးပြအခမ်းအနားမှာ တပ်အင်အား ရာပေါင်းများစွာပါဝင်မယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒီနှစ် အခမ်းအနားကို  အထူးသဖြင့် ရှမ်းတောင်ပိုင်းဒေသတွေက ပရိသတ် အင်အား ထောင်ချီ တက်ရောက်လာပါတယ်။

ရှမ်းပြည်နယ်အမျိုးသားနေ့ဟာ ၁၉၄၇ ခုနှစ်က ရှမ်း စော်ဘွားတွေနဲ့ လူထုကိုယ်စားလှယ်တွေ ရှမ်းပြည်ကေင်စီကို ထူထောင်နိုင်ခဲ့ခြင်း၊ လွတ်လပ်ရေးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့ခြင်းအထိမ်းအမှတ်အဖြစ် သတ်မှတ်တာ ဖြစ်ပါတယ်။

အခု အခမ်းအနား ကျင်းပနေတဲ့ လွိုင်တိုင်းလန်း ဌာနဟာ ရှမ်းပြည်နယ် ဟိုမိန်းမြို့ တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် တောင်ထူထပ်တဲ့ ဒေသမှာ တည်ရှိပါတယ်၊

ရှမ်းပြည်နယ်တပ်မတော် တောင်ပိုင်း) ဟာ အောက်တိုဘာလက တပြည်လုံးအပစ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့ထဲက တဖွဲ့ဖြစ်ပါတယ်။

ဓာတ်ပုံ - အောင်အောင်ဖြိုး

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013