DVB Logo
Home
မြန်မာသတင်း
ဒေါ်စု သမ္မတဖြစ်ရေး တပ်နှင့် အပေးအယူလုပ်ဟု နယူးယောက်တိုင်းမ် ဖော်ပြ
DVB
·
February 6, 2016
ဒေါ်စု သမ္မတဖြစ်ရေး တပ်နှင့် အပေးအယူလုပ်ဟု နယူးယောက်တိုင်းမ် ဖော်ပြ
Donate to DVB

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် အလားအလာရှိတဲ့ သဘောတူညီမှု တခုကို စစ်တပ်နဲ့ ဆွေးနွေးနေတယ်လို့ အမေရိကန် နယူးယောက်တိုင်မ်းသတင်းက ဖေဖော်ဝါရီ ၅ ရက်က ရေးပါတယ်။

ဆွေးနွေးနေတဲ့ သဘောတူညီချက်ကတော့ အစိုးရသစ်မှာ အဆင့်မြင့် နေရာတချို့ကို စစ်တပ်ကို ပေးဖို့ အန်အယ်လ်ဒီ ပါတီက ကမ်းလှမ်းခဲ့သလို အပြန်အလှန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ပေးရမယ်လို့ ပါတီက အမည်မဖော်လိုတဲ့ အဆင့်မြင့် အဖွဲ့ဝင် ၂ ဦးကို ကိုးကားပြီး သတင်းက ရေးပါတယ်။

စစ်တပ်နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရသစ် ဖွဲ့စည်းရေးကိစ္စ ဆွေးနွေး ညှိနှိုင်းနေသလို ဆွေးနွေးမှု အသေးစိတ်ကိုတော့ ထိခိုက်မခံတဲ့ အချိန်ဖြစ်လို့ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ ဆိုပါတယ်။

ဒါအပြင် ရန်ကုန်၊ ရခိုင်၊ ရှမ်းစတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ ၀န်ကြီးချုပ်နဲ့ တခြားအဆင့်မြင့်ရာထူးတွေကို ကမ်းလှမ်းသွားဖို့လည်း စဉ်းစားနေတယ်လို့ အန်အယ်လ်ဒီ ထိပ်တန်း အဖွဲ့ဝင်တဦးကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။

ဆွေးနွေးမှုတွေကို ပွဲစားတွေကတဆင့် လုပ်ဆောင်နေတယ်လို့လည်း သမ္မတရုံးမှာ ညွန်ကြားရေး တာဝန်ထမ်းဆောင်နေတဲ့ ဦးဇော်ဋ္ဌေးကို ကိုးကားပြီး သတင်းက ရေးပါတယ်။

နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပါတီက အနိုင်ရရှိခဲ့ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက  ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို တားမြစ်ထားပါတယ်။

စစ်တပ်ရဲ့ သဘောဆန္ဒပါမှာသာ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရသစ်အောင်မြင်ရေးမှာ စစ်တပ်ဟာ အရေးပါတဲ့နေရာက နေရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013