DVB Logo
Home
မြန်မာသတင်း
ပြည်နယ်တိုင်းလွှတ်တော် အကြီးအကဲစာရင်း ထွက်ပေါ်ခဲ့မှု အတည်မပြုဟု အဖွဲ့ချုပ်ပြော
DVB
·
February 6, 2016
ပြည်နယ်တိုင်းလွှတ်တော် အကြီးအကဲစာရင်း ထွက်ပေါ်ခဲ့မှု အတည်မပြုဟု အဖွဲ့ချုပ်ပြော
1 / 2
Donate to DVB

ဖေဖော်ဝါရီ ၈ ရက်နေ့ စတင်တော့မယ့် ပြည်နယ်တိုင်းလွှတ်တော်အသီးသီးရဲ့ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ အမည်စာရင်းတွေ အင်တာနက်အွန်လိုင်းတွေမှာ ထွက်ပေါ်ခဲ့တဲ့အပေါ် တရားဝင်အတည်မပြုနိုင်သေးဘူးလို့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။

ရှမ်းနဲ့ ရခိုင်ပြည်နယ်တို့ကလွဲပြီး ကျန်ပြည်နယ်တိုင်း ၁၂ ခုက လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ အမည်စာရင်းတွေကို ဒီနေ့ ဆဲဗင်းဒေး သတင်းဌာနက အင်တာစာမျက်နှာပေါ် တင်လိုက်တာဖြစ်ပြီး ဘယ်က ပေါက်ထွက်တယ်ဆိုတာ မသိဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။

“ကျနော်တို့ မကြေညာပါဘူး၊ အဲ့သတင်း ပေါက်ထွက်သွားတာ ဘယ်သူ့လက်ချက်လဲဆိုတာ မပြောတတ်ဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး၊ တရားဝင်မကြေညာသေးဘူးဆိုရင် မှန်ပါတယ်။”

မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် နာမည်စာရင်းထွက်ပေါ်ခဲ့တဲ့ ပုသိမ်ကြီးမြို့နယ် အရွေးချယ်ခံကိုယ်စားလှယ် ဦးအောင်ကျော်ဦးက ခန့်မှန်းပြောဆိုမှုတွေ ရှိပေမယ့် သူကိုယ်တိုင် မသိဘူးလို့ ပြောပါတယ်။

“ကျနော်တို့ နေပြည်တော်မှာ သင်တန်းသွားတက်ကတည်းက အဲ့ဒီလို ထင်ကြေးပေးပြောနေကြတာပဲ။ ကျနော်က ဥက္ကဋ္ဌရတယ်၊ ဘယ်သူက ဒုဥက္ကဋ္ဌ ရတယ်၊ အဲ့ဒီလို အတိအကျတော့ ကျနော်တို့ မသိရသေးဘူး။”

[caption id="attachment_134304" align="aligncenter" width="791"]12694571_1087478391313794_8616576047663901877_o ဓာတ်ပုံ - ဆဲဗင်းဒေး[/caption]

၈ ရက်နေ့ တိုင်းဒေသကြီး လွှတ်တော်ကျင်းပမှပဲ လွှတ်တော်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်ပြီး ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကို ရွေးချယ်ခန့်အပ်တာဝန်ပေးကြမှာလို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ မစတင်ခင်ကလည်း အလားတူ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌနာမည်တွေ ထွက်ပေါ်ခဲ့ပြီး သတင်းထွက်ခဲ့သူတွေပဲ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့အဖြစ် တာဝန်ပေးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013