DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်မီးလောင်မှုကြာင့် အိမ်ခြေ ၂၈၀ မီးထဲပါ၊ လူဦးရေ ၁၅၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့
DVB
·
February 6, 2016
နမ့်ဆန်မီးလောင်မှုကြာင့် အိမ်ခြေ ၂၈၀ မီးထဲပါ၊ လူဦးရေ ၁၅၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့
1 / 3
Donate to DVB

ရှမ်းပြည်နယ်၊မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မှာ ဖေဖော်ဝါရီ ၄ရက်က လောင်ကျွမ်းခဲ့တဲ့မီးကြောင့် အိမ်ခြေ ၂၈၀ မီးထဲပါသွားပြီး အိမ်ထောင်စု ၃၀၀က လူဦးရေ ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ ဖြစ်ခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၄ရက် မွန်းလွဲပိုင်းကနေ ဖေဖော်ဝါရီ ၅ရက် မနက်အထိ ၁၇ နာရီခန့်ကြာအောင် လောင်ကျွမ်းခဲ့တဲ့မီးဟာ ဘယ်က စတင်လောင်ကျွမ်းတယ်ဆိုတာ မသိရသေးဘဲ နမ့်ဆန်မြို့ပေါ် ရပ်ကွက် ၆ ခုအနက် မင်္ဂလာနဲ့ မြို့ဟောင်း ရပ်ကွက် ၂ ခု မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ နမ့်ဆန်မြို့ကို  ဖေဖော်ဝါရီ ၅ ရက်က သွားရောက်ခဲ့ပြီး အစိုးရအနေနဲ့  ဆန်အိတ် တစ်ထောင်၊ မီးဘေးသင့်အိမ်ထောင်စု တစ်စု  ငွေကျပ်သုံးသိန်း၊ ဆယ်တန်း ကျောင်းသားတစ်ဦး  ငွေကျပ်တစ်သိန်းနှုန်း ထောက်ပံ့ခဲ့ပါတယ်။

ရှမ်းပြည်နယ်၊ နမ့်ဆန်နဲ့ ဧရာဝတီတိုင်း၊ လပွတ္တာမြိုတို့က မီးဘေးသင့် ပြည်သူလူထုအတွက် အလှူငွေနဲ့ ပစ္စည်းတွေ လှူဒါန်းနိုင်ကြပြီး ဆက်သွယ်လှူဒါန်းနိုင်တဲ့သူတွေနဲ့ လိပ်စာတွေ၊ ဖုန်းနဲ့ ဘဏ်အကောင့်နံပတ်တွေကို အစိုးရက ထုတ်ပြန်ပေးထားပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013