DVB Logo
Home
မြန်မာသတင်း
အင်အားကြီးနိုင်ငံနှစ်ခုက သံအမတ်များ သူရဦးရွှေမန်းနှင့်တွေ့ဆုံ
DVB
·
February 5, 2016
အင်အားကြီးနိုင်ငံနှစ်ခုက သံအမတ်များ သူရဦးရွှေမန်းနှင့်တွေ့ဆုံ
1 / 4
Donate to DVB

ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းက ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ထမ်းရွက်ခဲ့ဖူးတဲ့ သူရဦးရွှေမန်းကို ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုက သံအမတ်နှစ်ဦးက နာရီခြားပြီး လာရောက်တွေ့ဆုံကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang နဲ့ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. Derek Mitchell တို့ဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်၊ နံနက် ၈ နာရီနှင့် ၁၀ နာရီအချိန်တို့တွေမှာ အသီးသီး လာရောက်တွေ့ဆုံနှုတ်ဆက်ကြ တယ်လို့ သူရဦးရွှေမန်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးရင် ထမ်းဆောင်ဖို့ အသင့်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့ သူရဦးရွှေမန်းကို ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးက ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ တာဝန်ခန့်အပ်ခဲ့ပါတယ်။

ဒီတာဝန်ပေးတဲ့အပေါ် သူရဦးရွှေမန်းက လစာငွေမယူဘဲ လက်ခံဆောင်ရွက်ပါမယ်လို့ အကြောင်းပြန်ကြားခဲ့ကြောင်း သူရဦးရွှေ့မန်းက  သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ သူရဦးရွှေမန်းဟာ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ပူးတွဲဥက္ကဋ္ဌတာဝန်ကနေ ရွေးကောက်ပွဲမတိုင်မှာ တာဝန်ကနေ ဖယ်ရှားခံခဲ့ရသလို နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့် သူရဦးရွှေမန်းဟာ ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်အောင် ကြားဝင်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြောခဲ့ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေ စတင်နိုင်ရေးမှာလည်း ဆက်လက် ကူညီဆောင်ရွက်ခဲ့ပါတယ်။

မီဒီယာတွေရဲ့ အာရုံစိုက်နေကြတဲ့ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်ပထမနေ့မှာ “ယခုလို ပြည်သူ့လွှတ်တော်ကို စတင်ကျင်းပပြီးတော့ ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌ ရွေးချယ်ပေးနိုင်တာဟာ တို့နိုင်ငံအတွက် ဂုဏ်သိက္ခာမြင့်မားစေတဲ့အကြောင်းတခုဖြစ်ပါတယ်။ အဲဒီနည်းတူပဲ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အပါအ၀င် လွှတ်တော်အသီးသီးဟာလည်း အောင်မြင်အောင်ဆောင်ရွက်ပြီး တို့နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေးအတွက်လည်း ဒီလွှတ်တော်ကြီးကနေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ တို့အနေနဲ့ ယုံကြည်ပါတယ်။ အဲလိုဖြစ်ဖို့လည်း ပြည်သူတွေရော မီဒီယာတွေကရော အားလုံး ၀ိုင်းဝန်းကူညီကြဖို့ တို့အနေနဲ့ မေတ္တာရပ်ခံပါတယ်” လို့  ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်နှစ်ရပ်စလုံးကို ချောချောမောမော အထစ်အငေါ့မရှိ စတင်နိုင်တဲ့အတွက် နိုင်ငံရေးပါတီတွေ၊ တပ်မတော်သားတွေနဲ့ ကိုယ်စားလှယ်တွေနဲ့ ကူညီပံ့ပိုးသူတွေကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013