DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတလောင်း အဆိုပြုအစည်းအဝေးရက် ဖေဖော်ဝါရီ ၈ ရက်ကြေညာမည်
DVB
·
February 5, 2016
ဒုသမ္မတလောင်း အဆိုပြုအစည်းအဝေးရက် ဖေဖော်ဝါရီ ၈ ရက်ကြေညာမည်
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပထမဆုံး အကြိမ်ခေါ်ယူကျင်းပမယ့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စတင်ကျင်းပဖို့ ရှိနေပါတယ်။

ဒီအစည်းအဝေးပထမနေ့မှာ နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတတွေကို ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ အစုအဖွဲ့အလိုက် ဒုသမ္မတလောင်း အဆိုပြုမယ့် အစည်းအဝေးတွေ ကျင်းပမယ့်နေ့ရက်ကို သတ်မှတ်ကြေညာဖို့ ရှိနေတယ်လို့ ပြည်ထောင်စု လွှတ်တော်ရုံးရဲ့ ကိုယ်စားလှယ်တွေထံပေးပို့တဲ့ ဖိတ်ကြားစာမှာဖော်ပြထားပါတယ်။

ဒီဖိတ်ကြားစာကို ဖေဖော်ဝါရီ ၄ ရက်နေ့စွဲနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးထံ ပေးပို့ထားတာဖြစ်ပြီး နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေတွေအရ ခုလိုဆောင်ရွက်တာလို့လည်း ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ  သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်သူ့လွှတ်တော်အစုအဖွဲ့၊ အမျိုးသားလွှတ်တော် အစုအဖွဲ့၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်  အစုအဖွဲ့ ဆိုပြီး  အစုအဖွဲ့ သုံးဖွဲ့နဲ့ ဖွဲ့စည်းပြီး တဖွဲ့စီက ဒုသမ္မတ တဦးစီကို လွှတ်တော်အမတ်ထဲက ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူတွေထဲက ဖြစ်စေ ရွေးချယ်တင်မြှောက်ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013