DVB Logo
Home
မြန်မာသတင်း
ပေးအပ်သည့်တာဝန်ကို လစာမယူဘဲ လုပ်မည်ဟု ဦးရွှေမန်းပြော
DVB
·
February 5, 2016
ပေးအပ်သည့်တာဝန်ကို လစာမယူဘဲ လုပ်မည်ဟု ဦးရွှေမန်းပြော
Donate to DVB

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်လိုက်တာကို လက်ခံကြောင်းနဲ့ လစာမယူဘဲ လုပ်ဆောင်သွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်ရဲ့အတည်ပြုချက်ရယူပြီး တာဝန်ပေးကမ်းလှမ်းခဲ့တဲ့အပေါ် ဦးရွှေမန်းက သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာက အခုလို ပြောကြားလိုက်ပါတယ်။

ဒီနေ့ နေ့လယ် ၁ နာရီအချိန်က ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လွှတ်တော်ဝန်းအတွင်းရှိ I-1 အဆောက်အဦမှာ ကျင်းပပြုလုပ်ခဲ့ရာ သူရဦးရွှေမန်း တက်ရောက်ခဲ့ပါတယ်။

ဒုတိယဥက္ကဋ္ဌနေရာကိုတော့ ရမည်းသင်းမဲဆန္ဒနယ်က ဦးကိုကိုနိုင်ကို တာဝန်ပေးအပ်လိုက်တာပါ။

ဒီကော်မရှင်ဟာ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

အဲ့ဒီကော်မရှင်ရဲ့တာဝန်တွေကတော့ တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဋ္ဌာန်းနိုင်ရေးတို့ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကတဆင့် လွှတ်တော်သို့ တင်ပြရခြင်း၊ အထူးကိစ္စရပ်များပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့်ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ပြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ အစီရင်ခံ တင်ပြရခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ် ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ရခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များ အတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေသတ်မှတ် ဆောင်ရွက်ရခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ်တောင်းခံသည့်အခါ ကော်မရှင်အနေဖြင့် အကြံဉာဏ် ပေးရခြင်းတို့ကိုဆောင်ရွက်ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013