DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်နှင့် လပွတ္တာ မီးဘေးအတွက် သမ္မတ အရေးပေါ်ဆွေးနွေး
DVB
·
February 5, 2016
နမ့်ဆန်နှင့် လပွတ္တာ မီးဘေးအတွက် သမ္မတ အရေးပေါ်ဆွေးနွေး
1 / 10
Donate to DVB

ရှမ်းပြည်နယ် နမ့်ဆန်မြို့နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အရေးပေါ် အစည်းအဝေးကို သမ္မတအိမ်တော်မှာ ဖေဖော်ဝါရီ ၅ ရက် မနက်က ခေါ်ယူကျင်းပတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်က မီးဘေးသင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ယာယီတဲ၊ အ၀တ်အထည်နဲ့ မိသားစုသုံးပစ္စည်းတွေ ဖြည့်ဆည်းပေးရေး၊ ကျောင်းသားတွေအတွက် ကျောင်းသုံးစာအုပ်တွေ ပြန်လည်ဖြည့်ဆည်းပေးရေးနဲ့ စာမေးပွဲဖြေမယ့် ကျောင်းသားကျောင်းသူတွေ အခက်အခဲမရှိအောင် ကူညီပံ့ပိုးပေးရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အမြန်ဆောင်ရွက်နိုင်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို တပ်မတော်နဲ့  ပို့ဆောင်ရေး ၀န်ကြီးဌာနတွေက အရေးပေါ် စီစဉ်ပို့ဆောင်ရေး လုပ်ငန်းတွေကို ဆွေးနွေးညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ဆန်မီးဘေး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို သမ္မတကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်မှာဖြစ်ပြီး ဒု-သမ္မတ ဦးဉာဏ်ထွန်းကတော့ လပွတ္တာဒေသ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့မှာ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းကနေ ညသန်းခေါင်ကျော် မနက်အစောပိုင်းလောက်ထိ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး လူနေအိမ်ခြေပေါင်း ၃၀၀ ကျော် မီးထဲပါသွားကာ လူပေါင်းထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ မီးဘေးဒုက္ခ ခံစားနေရတယ်လို့ မြို့ခံ မီးဘေးကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

အလားတူ ဧရာဝတီတိုင်း လပွတ္တာမြို့မှာလည်း ဖေဖော်ဝါရီ ၄ ရက်ညပိုင်းက  မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေ ၂၀၀ နီးပါးနဲ့ ဈေဆိုင်ခန်းတွေ မီးထဲပါသွားပြီး လူပေါင်း ၇၀၀ ကျော် မီးဘေးသင့်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - ကိုမှန်ကြီးနှင့် အမ်အိုအိုင်ဖေ့စ်ဘွတ်ခ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013