DVB Logo
Home
မြန်မာသတင်း
ဦးရွှေမန်းကို ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ တာဝန်ပေး
DVB
·
February 5, 2016
ဦးရွှေမန်းကို ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ တာဝန်ပေး
Donate to DVB

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းကို ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။

ဒုတိယဥက္ကဋ္ဌနေရာကိုတော့ ရမည်းသင်းမဲဆန္ဒနယ်က ဦးကိုကိုနိုင် ကိုတာဝန်ပေးအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်ရဲ့အတည်ပြုချက်ရယူ တာဝန်ပေးအပ်လိုက်တာဖြစ်ပြီး အဖွဲ့ဝင် ၂၃ ဦးပါဝင်မှာလည်းဖြစ်ပါတယ်။

ဒီကော်မရှင်ဟာ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

သူရ ဦးရွှေမန်းကို ကော်မရှင် ဥက္ကဋ္ဌ တာဝန်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ကျားဖြူပါတီ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကခုလို သုံးသပ်  ပြောပါတယ်။

“သူတို့ နဂိုအစိုးရဟောင်း၊ တပ်မတော် ရဲ့ အတွင်းပိုင်းပြသနာတွေ သိပ်ပြီးတော့ ကျနော်တို့ အပြင်ပိုင်းက နိုင်ငံရေးသမားတွေ သိပ်မသိဘူး။ အဲဒီတော့ အတွင်းပိုင်းကိစ္စတွေကို နားလည်ဖို့၊ မှန်မှန်ကန်ကန်ချဉ်းကပ်နိုင်ဖို့  ဆိုရင် ဦးရွှေမန်းဆီက အကြံအညဏ် သဘောထားယူရမယ်။ အများကြီး အထောက်အကူဖြစ်ပါတယ်။ အဲတော့ သူ့ကို အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ပေးရင် အုပ်ချုပ်ရေးပိုင်းက တစုံတရာ ပုဂ္ဂိုလ်တွေကို ဦးစီးခေါင်းဆောင် အုပ်ချုပ်ရမှာဖြစ်တော့ သူပါတီတွင်းက ဆန့်ကျင်လာနိုင်တာရှိသလို အပြင်က မီဒီယာတွေ မှာလည်း ပြောတာဆိုတာတွေ ရှိလာနိုင်တယ်။ ဒါကြောင့်မို့ အခုလို အကြံပေး ဆိုပြီးတော့ ထည့်လိုက်တဲ့အခါကျတော့ လူမြင်သူမြင်မဟုတ်တော့ဘူးပေါ့။ ဦးရွှေမန်းအနေနဲ့က နောက်ကွယ်ကနေပဲ ကူညီတာ၊ ဒါမျိုးတွေပဲ လုပ်နိုင်တာဆိုတော့ ထိရောက်ပြီး လူမြင်သူ မြင်သိပ်မခံရတော့ဘူးပေါ့။ အဲလိုဆိုတဲ့အခါကျတော့ ဒီရွေးချယ်မှုက တော်တော်ကောင်းတယ်လို့ ကျနော်တော့ထင်တယ်။  ”

အဲ့ဒီကော်မရှင်ရဲ့တာဝန်တွေကတော့ တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဋ္ဌာန်းနိုင်ရေးတို့ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကတဆင့် လွှတ်တော်သို့ တင်ပြရခြင်း၊ အထူးကိစ္စရပ်များပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့်ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ပြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ အစီရင်ခံ တင်ပြရခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ် ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ရခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များ အတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေသတ်မှတ် ဆောင်ရွက်ရခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ်တောင်းခံသည့်အခါ ကော်မရှင်အနေဖြင့် အကြံဉာဏ် ပေးရခြင်းတို့ကိုဆောင်ရွက်ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013