DVB Logo
Home
မြန်မာသတင်း
လပွတ္တာမြို့နယ် မီးလောင်မှု အိမ်ခြေနှင့်ဆိုင်ခန်း ၂၀၀ ခန့် ပျက်စီးဆုံးရှုံး (ရုပ်သံ)
DVB
·
February 5, 2016
လပွတ္တာမြို့နယ် မီးလောင်မှု အိမ်ခြေနှင့်ဆိုင်ခန်း ၂၀၀ ခန့် ပျက်စီးဆုံးရှုံး (ရုပ်သံ)
Donate to DVB

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့ည ၈ နာရီလောက်က မီးလောင်ကျွမ်းခဲ့ကြောင့် အိမ်ခြေနဲ့ ဆိုင်ခန်း ၂၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

လပွတ္တာမြို့နယ် အမှတ် ၅ ရပ်ကွက် ဇေယျာသီရိသဲလမ်းကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အမှတ် ၅၊ အမှတ် ၄၊ အမှတ် ၁ ရပ်ကွက်သုံးခု မီးလောင်ကျွမ်းခဲ့တယ်လို့ လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနက ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့ည ၈ နာရီဝန်းကျင်မှာ စတင်လောင်ကျွမ်းပြီး မီးသတ်ယာဉ် ၂၆ စီး၊ မီးသတ်တပ်ဖွဲ့ဝင်နဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅၀ ကျော်နဲ့ မနက် ၃ နာရီမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၁၇၉ လုံး၊ ဆိုင်ခန်း ၂၀ အားလုံးပေါင်း ၁၉၉ လုံး ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၃၂၇ သန်းဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

မီးလောင်ကျွမ်းကြောင့် သေဆုံးဒဏ်ရာရမှု မရှိဘဲ မီးငြှိမ်းသတ်တဲ့ မီးသတ်တပ်ဖွဲ့ဝင်အချို့သာ အနည်းငယ်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး လပွတ္တာမြို့နယ် မီးသတ်တပ်ဖွဲ့က ဆက်လက်စုံစမ်းဆဲဖြစ်ပြီး မီးဘေးသင့်ပြည်သူ စုစုပေါင်း ၇၆၁ ဦးကို နေမင်းတင် လမင်းတင် ဓမ္မာရုံမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013