DVB Logo
Home
မြန်မာသတင်း
အမျိုးသားလွှတ်တော် ကော်မတီများ အသစ်ပြန်လည်ဖွဲ့စည်း
DVB
·
February 4, 2016
အမျိုးသားလွှတ်တော် ကော်မတီများ အသစ်ပြန်လည်ဖွဲ့စည်း
Donate to DVB

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းကော်မတီတွေကို အဖွဲ့ဝင် ၁၅ ဦးစီနဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ စတင်ဖွဲ့စည်းလိုက်ပါတယ်။

အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ က ဦးဇော်မင်း၊ အတွင်းရေးမှုးအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၉ က ဒေါက်တာမြတ်ဥာဏစိုး အပါအ၀င် အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ဒေါက်တာမြတ်ဥာဏစိုးဟာ ပြီးခဲ့တဲ့ ပထမအကြိမ် အမျိုးသားလွှတ်တော်မှာလည်း ဥပဒေကြမ်းကော်မတီအတွင်းရေးမှုး နဲ့ ပြည်ထောင်စုလွှတ်တော်မှာလည်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှုးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီကိုလည်း ကော်မတီဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) က ဦးစောမိုးမြင့်၊ အတွင်းရေးမှုးအဖြစ် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) က ဒေါက်တာစိုင်းစံကျောက်စံ အပါအ၀င် အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

ကော်မတီတွေရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နဲ့ သက်တမ်းတွေအရ ကော်မတီတွေရဲ့ သက်တမ်းဟာ လွှတ်တော်သက်တမ်းနဲ့အညီဖြစ်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကော်မတီဝင်တွေရဲ့ သက်တမ်းတစ်နှစ်ပြည့်တိုင်း ပြန်လည်သုံးသပ်ပြီး လိုအပ်ရင် ကော်မတီဝင်တွေကို သင့်တော်သလို လဲလှယ်အစားထိုးနိုင်တယ်လို့ သိရပါတယ်။

ကော်မတီဝင်တွေဟာ ကော်မတီအစည်းအဝေးတွေမှာ တင်ပြဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ဆိုင်ရာဥပဒေမှအပ တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရတာက ကင်းလွတ်ခွင့်ရှိပါတယ်။

ကော်မတီအစည်း အဝေးတက်ရောက်နေစဉ်အတွင်း ဥက္ကဋ္ဌရဲ့ ကြိုတင်ခွင့်ပြုချက်မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသလို ပြစ်မှုတစ်ရပ်ရပ်နဲ့ ဖမ်းဆီးခြင်းခံရပါကလည်း ပြစ်ဒဏ်စီရင်ခြင်းမခံရမီ ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ ကော်မတီအစည်းအဝေးတွေကို တက်ရောက်ခွင့် စတဲ့ အခွင့်အရေးတွေလည်းရရှိမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013