DVB Logo
Home
မြန်မာသတင်း
လာမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေရန် ၆ သိန်းခွဲကျော် စာရင်းပေးသွင်းထား
DVB
·
February 4, 2016
လာမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေရန် ၆ သိန်းခွဲကျော် စာရင်းပေးသွင်းထား
Donate to DVB

လာမယ့် မတ်လ ၉ ရက်ကနေ ၁၈ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူဦးရေမှာ တနိုင်ငံလုံး အတိုင်းအတာအရ ၆ သိန်း ၇ သောင်းကျော်ရှိပြီး စာစစ်ဌာနပေါင်း ၁၄၇၀ ၀န်းကျင်နဲ့ စစ်ဆေးသွားမယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုဖို့အတွက် ၀င်ခွင့်ကတ်ပြားတွေ ထုတ်ပေးရာမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက စာစစ်ဌာန အသီးသီးမှာ ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေဟာ အခုလ ၂၂ ရက်မှ စတင်ထုတ်ယူနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေဟာ အခုလ ၂၄ ရက်နေ့က စတင်ပြီး ၀င်ခွင့်ကတ်ပြားတွေ ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခုကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ အရင်နှစ်တွေထက် အောင်ချက်မြင့်မားဖို့ သက်ဆိုင်ရာကဏ္ဍအလိုက် စီမံချက်တွေကို ပညာရေးဝန်ကြီးဌာနက ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ် မတ်လမှာ စစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုခွင့် လျှောက်ထားသူ ၆ သိန်း ၃ သောင်း ၂ ထောင် ကျော်ရှိခဲ့ပြီး ၆ သိန်းနီးပါးပဲ ဖြေဆိုခဲ့ကြောင်းနဲ့ အဲဒီ ဖြေဆိုသူတွေထဲက အောင်မြင်သူ ၂ သိန်း ၂ သောင်း ၅ ထောင်နီးပါး အောင်မြင်ခဲ့တာကြောင့် အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၆ရာခိုင်နှုန်းရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013