
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့အဖြစ် ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ နေပြည်တော် လွှတ်တော်အဆောက်အဦမှာ ကျင်းပပါတယ်။
ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့ငွေစာရင်းကော်မတီတို့ရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နဲ့ သက်တမ်းတို့ကို ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဦးတီခွန်မြတ်က ရှင်းလင်းတင်ပြမှာလည်း ဖြစ်ပါတယ်။
အဲ့ဒီကော်မတီနှစ်ခုမှာ ပါဝင်မယ့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်တွေရဲ့ အမည်စာရင်း၊ ကော်မတီတွေရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်းတွေ ပြည်သူ့လွှတ်တော်ကို တင်သွင်းသွားဖို့လည်း ရှိပါတယ်။
ဥပဒေကြမ်းကော်မတီရဲ့ ဥက္ကဋ္ဌနေရာကိုတော့ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်နဲ့ အတွင်းရေးမှူးအဖြစ် ဦးစတီဗင်တို့ အပါအဝင် အဖွဲ့ဝင် ၁၅ ဦး အမည်စာရင်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လျာထားကြောင်း လွှတ်တော်ကို တင်ပြခဲ့ပါတယ်။
ဒီကနေ့ လွှတ်တော်အစည်းအဝေးကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၃၃ ဦး ရှိတဲ့အနက် ၄၂၈ ဦး တက်ရောက်ပါတယ်။
သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း










