DVB Logo
Home
နိုင်ငံတကာ
နေတန်ယာဟုအား ဖမ်းရန် အမေရိကန်အစိုးရကို နယူးယောက်မြို့တော်ဝန် တောင်းဆို
DVB
·
July 23, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသာ နယူးယောက်မြို့ကို လာမယ်ဆိုရင် ဖမ်းမယ်လို့ မူလက ကတိပေးခဲ့ပေမဲ့ သူ့မှာ လုပ်ပိုင်ခွင့်မရှိဘူးလို့ မြို့တော်ဝန် ဇိုရန် မမ်ဒါနီက ဝန်ခံလိုက်ပါတယ်။

ဒါပေမဲ့ ဖမ်းဆီးခွင့်ရှိတဲ့ အမေရိကန်ပြည်ထောင်စု အစိုးရအနေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး ဒီဝရမ်းကို အကောင်အထည်ဖော်ဖို့ ဇူလိုင် ၂၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

နေတန်ယာဟုဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ လာမဲ့ စက်တင်ဘာလမှာ နယူးယောက်မြို့ကို လာရောက်မှာဖြစ်ပြီး သူ့အား ကြိုဆိုမှာမဟုတ်ဘူးလို့ မမ်ဒါနီက ဆိုပါတယ်။

ICC ဟာ ဂါဇာစစ်ပွဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေတန်ယာဟုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

အစ္စရေးဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ထားသလို အမေရိကန်ဟာလည်း ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပါဘူး။

နေတန်ယာဟု အမေရိကန်ကို လာရောက်ချိန်မှာ ဘယ်လိုနည်း ဘယ်လိုပုံစံနဲ့မှ အဖမ်းခံရမှာ မဟုတ်ဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇူလိုင် ၂၀ ရက်မှာ ပြောပါတယ်။

မြို့တော်ဝန် မမ်ဒါနီဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက နေတန်ယာဟုကို စစ်ရာဇဝတ်ကောင်အဖြစ် သမုတ်ခဲ့ပြီး မြို့ကိုရောက်လာရင် ဖမ်းဆီးမယ်လို့ အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ် ဒန်နီ ဒါနွန် ကတော့ “ခင်ဗျားကို နယူးယောက်မြို့သားတွေ အတွက် တာဝန်ထမ်းပေးဖို့ ရွေးကောက်တင်မြှောက်ထားတာ။ ဟားမတ်စ်ဝါဒဖြန့်ဖို့ ရွေးထားတာ မဟုတ်ဘူး” လို့ မမ်ဒါနီကို အတိအလင်း ဝေဖန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013