DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး အဓိကလုပ်ဆောင်မည်ဟု မန်းဝင်းခိုင်သန်းပြော
DVB
·
February 2, 2016
ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး အဓိကလုပ်ဆောင်မည်ဟု မန်းဝင်းခိုင်သန်းပြော
Donate to DVB

ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့အမျိုးသားရင်ကြားစေ့ရေးကို အဓိကထား လုပ်ဆောင်သွား မယ်လို့အမျိုးသား လွှတ်တော် ဥက္ကဋ္ဌအဖြစ်လျာထားခံရတဲ့ ကရင်ပြည်နယ် မြ၀တီအမတ်  မန်းဝင်းခိုင်သန်းက ပြောပါတယ်။

မနက်ဖြန် ဖေဖော်ဝါရီ ၃ ရက်နေ့ ဒုတိယအကြိမ်မြောက်အမျိုးသားလွှတ်တော် စတင်ကျင်းပ မှာဖြစ်ပြီး ဒီအစည်းအဝေးမှာ သဘာပတိ၊ အမျိုးသားလွတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်မှာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် အရွေးချယ်ခံရရင်တော့ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့အမျိုးသားရင်ကြားစေ့ရေးကို အဓိကထားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“ရွေးရင်တော့ အန်ကန့်အနေနဲ့ အဓိက အန်ကယ်တို့ လွှတ်တော်ဆိုတာက ဥပဒေပြုတဲ့ အဖွဲ့လေ။ ဦးတို့အဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်ထဲမှာ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ဒါတွေကို ဦးအဓိကထား ဆောင်ရွက်သွားမယ်။ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်နိုင်မယ့် ဥပဒေတွေကို လွှတ်တော် ကိုယ်စားလှယ်ကြီးတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ရေးဆွဲပြဌာန်းဖို့ ဒါက ဦးရည်ရွယ်ထားတာ ပေါ့နော်။ ”

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လျာထားတဲ့ အကြောင်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့က အဖွဲ့ချုပ်ဗဟိုကနေပြီး အသိပေးခဲ့ကြောင်း လည်းပြောပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားတဦးဖြစ်တဲ့အတွက်လည်း ကရင်ပြည်နယ်နဲ့ ကရင်အမျိုးသားတွေ တိုးတက်ဖို့ ဆောင်ရွက်သွားမယ်လို့ ဦးမန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဦးမန်းဝင်းခိုင်သန်းဟာ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်ရဲ့ မြေးဖြစ်ပြီး အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ကရင်ပြည်နယ် မြ၀တီမဲဆန္ဒနယ်မြေက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးကောက်ခံရသူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013