DVB Logo
Home
မြန်မာသတင်း
သေဒဏ်ကျခံ မြန်မာလူငယ် ၂ ဦးကို သံခြေကျင်းများဖြုတ်ပေး
DVB
·
February 2, 2016
သေဒဏ်ကျခံ မြန်မာလူငယ် ၂ ဦးကို သံခြေကျင်းများဖြုတ်ပေး
Donate to DVB

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်းခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး ကိုသတ်မှုနဲ့ သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၀င်းဇော်ထွန်း (ဝေဖြိုး) နဲ့ ဇော်လင်းတို့ကို ထောင်အာဏာပိုင်တွေက ခြေထောက်မှာခတ်ထားတဲ့ သံခြေကျင်းတွေ ဖြုတ်ပေးလိုက်ပါတယ်။

လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ  မအေးမာချိုက  ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင် ရှေ့နေတဦးနဲ့အတူ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၀င်းနဲ့ ဇော်တို့ကို ထောင်ဝင်စာ သွားတွေ့အပြီး ဒီဗွီဘီကို ခုလိုပြောပြပါတယ်။

“သူတို့ကို ထောင်အာဏာပိုင်တွေက နခွန်းဆီထမရတ်အကျဉ်းထောင်ကနေ ဒီ ဘန်ကောက် နားက  နွန်ထဘူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ ရွှေ့ထားလိုက်တယ်။ ပြီးခဲ့တဲ့လ ၂၇ ရက်နေ့က ရွှေ့လာတာ၊ ဒီထောင်က အပြစ်ကြီးလေးတဲ့ အမှုကလူတွေကို ထားတာပေါ့နော်။ ဒီထောင်က ကမ္ဘာပေါ်မှာ အရက်စက်ဆုံးထောင်တွေထဲမှာ နံပါတ် ၅ လို့ အရင်က ကြားဖူး ထားတော့ တကယ်ဘဲနှိပ်စက်ခံရသလားဆိုပြီး မေးကြည့်တာ၊ မဆိုးပါဘူး၊ အရင်ထောင် တွေထက် ပိုပြီးကျယ်ကျယ်နေရတယ်။ ခြေတောက် သံခြေကျင်းလည်း ဖြုတ်ပေးပြီးပြီ။ ဒီရောက်ကတည်းကတဲ့။ ထောင်ထုံးစံအရ သူတို့ကို တနေရာစီခွဲထားတယ်။ ဇော်လင်းက အဆောင် ၂ မှာ ဝေဖြိုးက အဆောင် ၅ မှာ။ ဒါပေမယ့် သူတို့ အဆင်ပြေတယ်လို့ပြောတယ်။ ထောင်မှူးရော၊ ထောင်သားအချင်းချင်းရော သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။”

သူတို့ ၂ ဦးဟာ ညနေ ၃ နာရီထိ အခန်းထဲမှာ တချိန်လုံးမနေရဘဲ မနက် ၇ နာရီခွဲကနေ အပြင်မှာနေရကြောင်း၊ ဘ၀တူထောင်သားတွေနဲ့အတူ စကားပြောခွင့်ရသလို  ဘောလုံးကန်၊ ခြင်းခတ်ကစားတာတွေလည်း လုပ်ခွင့်ရတယ်လို့ ဆိုပါတယ်။

သူတို့ကို နေ့ခင်း တစ်နာရီခွဲကနေ ၂ နာရီထိ တွေ့ဆုံခွင့်ရခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့က ပေးလိုက်တဲ့ မုန့်ဖိုးငွေ ၂ ထောင်စီကိုလည်း ထောင်ဝန်ထမ်း ကနေတဆင့် ပေးအပ်ခဲ့ကြောင်း၊ လာမယ့် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ နောက်ထပ်သွားတွေ့ဖို့ ရှိသေးတယ်လို့  မအေးမာချိုက ပြောသွားပါတယ်။

ဒီအမှု အယူခံဝင်ရေးမှာတော့ ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင် ဆူဖန်းဆာမာရိမ်း က လောလောဆယ် အမှုတွဲတွေ ပြန်စစ်ဆေးသုံးသပ်ခြင်း၊ အချက်အလက်စုဆောင်းခြင်းတွေ လုပ်နေပြီး ဖေဖော်ဝါရီ ၂၄ ရက်လောက်မှာ အယူခံဝင်နိုင်ဖွယ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013