DVB Logo
Home
မြန်မာသတင်း
ကလေးရေဘေးသင့် ပြည်သူများ ကို နေအိမ် သစ်များ ပေးအပ်မည် (ရုပ်သံ)
DVB
·
February 2, 2016
ကလေးရေဘေးသင့် ပြည်သူများ ကို နေအိမ် သစ်များ ပေးအပ်မည် (ရုပ်သံ)
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် တွင်းက မော်လိုက်လေးအထဲရွာ နေအိမ်တွေက ရေဘေးသင့် ပြည်သူတွေကို ဖေဖော်ဝါရီလလယ်မှာ ကျေးရွာသစ်မှာ နေအိမ်တွေ တည်ဆောက်ပြီး ပြန်လည်ပေးအပ်တော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် စက်တင်ဘာလက ရေဘေးသင့်ခံရတဲ့ မော်လိုက်လေး အထဲရွာမှာ နေထိုင်တဲ့ ပြည်သူတွေကို ရေလွတ်ရာသို့ ပြောင်းရွေ့ခဲ့ရပါတယ်။ မော်လိုက်လေး အထဲရွာဟာ ပြည်ထဲရေးအမည်ပေါက်ရွာ မဟုတ်တဲ့အတွက် အစိုးရ အထောက်အပံ့ အနည်းငယ်သာ ရရှိခဲ့ပြီး လောက်လောက်လားလား ထောက်ပံ့မှုမျိုး အခြားရွာများနှင့်တန်းတူ မရရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် နေအိမ်တွေကို ကလေးလွင်ပြင် ရေဘေးကူညီ ထောက်ပံ့ရေးအဖွဲ့က တာဝန်ယူကာ ပြန်လည်ထူထောင်ပြီး ကျေးရွာသစ် တည်ဆောက်ပေး နေတာ ဖြစ်ပါတယ်။

မော်လိုက်လေးအထဲရွာကို အခုပြန်လည်တည်ဆောက်သည့်နေရာတွင် ကလေးလွင်ပြင် အစွဲပြုကာ လွင်ပြင်လေးရွာဟု အမည်သစ်ပေးထားပြီး ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ မှာ အလှူရှင်များနဲ့အတူ ရေစက်ချ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေပြီး ပြည်ထဲရေး အမည်ပေါက်ရွာ ဖြစ်လာဖို့ ဆောင်ရွက်နေကြောင်း သိရပါတယ်။

သတင်းနှင့် ရုပ်သံ - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013