DVB Logo
Home
Lead Story
အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်များ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး သင်တန်းဆင်းပွဲ (ဓာတ်ပုံ)
DVB
·
February 2, 2016
အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်များ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး သင်တန်းဆင်းပွဲ (ဓာတ်ပုံ)
1 / 7
Donate to DVB

 ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်နယ်နဲ့ တိုင်းဒေသကြီး မဲဆန္ဒနယ်က ကိုယ်စားလှယ်တချို့ရဲ့ အုပ်ချုပ်ရေး သင်တန်းဆင်းပွဲကို ဒီကနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ သင်တန်းဆင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပါတီ နာယက သူရ ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းတို့ တက်ရောက်ခဲ့ပါတယ်။


နေပြည်တော်မှာရှိတဲ့ လွှတ်တော်ဝင်းထဲမှာ အငြိမ်းစား အရာရှိတွေက တပတ်ကြာ အုပ်ချုပ်ရေး သင်တန်းတွေကို ပေးခဲ့တာ ဖြစ်ပါတယ်။ အခု သင်တန်းတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ ၀န်ကြီးချုပ်တွေအဖြစ် ခန့်အပ်တာဝန်ပေးလိမ့်မယ်ဆိုပြီး ခန့်မှန်းမှုတွေ ရှိနေပါတယ်။


အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီးက တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးဖြိုးမင်းသိန်း၊ ဦးနိုင်ငံလင်း၊ ဒေါ်စန္ဒာမင်း၊ မန္တလေးတိုင်းက ဒေါက်တာ ဇော်မြင့်မောင် တို့အပါအ၀င် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ - ကောင်းထက်ကျော်၊ နေဖြိုးဝင်း

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013